90.

3.9K 679 37
                                    

<Daddy ကြီး ရှာလကာရည်စားခန်း🍋🍋🍋>

Chapter 90 : The elderly should have sleep



သူတို့အားလုံးငါးမျှားသွားကြတာကြောင့် စုန့်ချင်းဝမ်တစ်ယောက် နှောက်ယှက်မည့်သူမရှိဘဲ နေ့လည်ခင်းအထိဆက်လက်အိပ်ခဲ့သည်။ အဆုံးမှာတော့ ကလေးမလေးက အပေါ်ထပ်ကိုတက်လာပြီး သူမကိုလာနှိုးခဲ့သည်။သူမတို့ပြန်တော့မည် ဖြစ်ကြောင်း ပြောတာကြောင့် သူမထလာခဲ့သည်။


မှန်တယ်။လူကြီးတွေမှာရှိသင့်တာက လုံလောက်အောင်အိပ်စက်ခြင်းပဲ။တစ်နေ့မှာ ၁၀နာရီနဲ့အထက်အိပ်မယ်ဆိုရင် အသင့်တော်ဆုံးပဲ။ထပ်ပေါင်းပြီးပြောရမယ်ဆိုရင် သူမထထချင်းကိုပဲ ကလေးမလေးရဲ့ ချစ်စရာကောင်းသော နူးညံ့လှပတဲ့ မျက်နှာလေးကိုတွေ့လိုက်ရသေးတယ်။စုန့်ချင်းဝမ်ကမထိန်းနိုင်စွာဖြင့်  ကလေးမလေးကို ပွေ့ဖက်လိုက်ပြီး ခါးသီးနေတဲ့အနမ်းတစ်ပွင့်ကိုပေးလိုက်ပြီးနောက် ကလေးမလေး၏ အကူညီမဲ့ကာ သနားစဖွယ့် အကြည့်အောက်တွင် ပျော်ရွှင်စွာ အိပ်ယာထလိုက်သည်။

.

.

ခြံဝင်းထဲ၌...


လုချီက ကလေးမလေးပြန်တော့မယ်ဆိုတာကိုကြားတော့ သူနည်းနည်း မလိုချင်သလိုခံစားနေရသည်ဆိုတာကိုတော့ မလွဲဧကန် ဝန်ခံရပေမည်။သူမလေး ကာတွန်းကြည့်ရတာကို သဘောကျမှန်းမြင်ရတော့ သူ၏ကိုယ်ပိုင် tablet လေးကိုသာ သူမကိုပေးလိုက်သည်။



ဒီ tablet က အရင်တုန်းက သူမိဘတွေဆီမှ စိတ်အားထက်သန်စွာ တောင်းခဲ့ပြီးမှသာ ရရှိခဲ့တာဖြစ်သည်။ပုံမှန်အားဖြင့် ပျက်သွားမှာကိုစိုးရိမ်တာကြောင့်  သူအမြဲတမ်း ဂရုတစိုက်နှင့် သုံးစွဲခဲ့သည်။ဒါကြောင့်
ဝယ်ထားတာမကြာသေးသလို အသစ်ချွတ်ချွတ်ဖြစ်နေဆဲပင်။ထို tablet လေးကိုကြည့်ပြီး သူနာကျင်မှုကိုခံစားလိုက်ရပြီး တွန့်ဆုတ်နေသလိုခံစားရသည်။ဒါပေမယ့် သူအကြင့်နာမဲ့စွာနှင့်ပဲ ကလေးမလေးကိုပေးလိုက်သည်။




မေ့လိုက်တော့!ဒါက မိန့်မိန့်ရဲ့တော်ဖီကို လုစားမိလို့ တောင်းပန်တဲ့အနေနဲ့ ပဲထားလိုက်တော့မယ်။ နောက်ပြီးတော့ အစက သူမအပေါ်သူ့ရဲ့ သဘောထားကလည်း အတော်ဆိုးသေးတယ်လေ! ကံကောင်းစွာနဲ့ မိန့်မိန့်က သူ့ကိုအပြစ်မတင်ခဲ့ဘူး။ ထို့နောက်မှာတော့ လုချီကခလုပ်တွေကို ဘယ်လိုသုံးပြီး ၊ ဘယ် function ကိုဖွင့်ကာ ပိုများတဲ့ကာတွန်းတွေကြည့်ရမလဲဆိုတာ စိတ်ရှည်စွာသင်ပေးခဲ့သည်။




I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now