64.

4.3K 699 12
                                    

Chapter 64 : Little fish


"ဒီကလေးမလား?"



လူအိုကြီးက ထိုင်ခုံပေါ်တွင်ထိုင်နေပြီး ကလေးမလေးကိုအထင်သေးတဲ့အကြည့်နှင့်ကြည့်ကာ လုံးဝမယုံကြည်နိုင်သည့်ပုံနှင့် ပြောလိုက်သည်။



"အသက်သုံးနှစ်ကျော်လေးပဲရှိသေးတဲ့ ကလေးမလေးက ဒီလိုစွမ်းရည်မျိုးရှိမတဲ့လား?သူမက ဘယ်သူမို့လို့လဲ?"




"အွန်း!လီလီမှာ ဒီအစွမ်းရှိတယ်"



လှပသည့် လိုလီတာလေးကသူ့ဆီသို့ ချည်းကပ်လာပြီး သူမမျက်နှာတွင်ရှက်ရွံ့နေမှုများ နည်းနည်းလေးတောင်ရှိမနေဘဲ ခြေတိုတိုလေးတွေနှင့် မတ်တပ်ထရပ်လိုက်သည်။သူမ၏မျက်တောင်လေးတွေက လိပ်ပြာအတောင်လေးကဲ့သို့ အရိပ်ဖြာနေပြီး မျက်နှာပေါ်တွင် သူမကိုယ်သူမဂုဏ်ယူမှုတွေဖြင့် ပြည့်နေသည်။





"ဖိုးဖိုး,အန္တီက ဖိုးဖိုးကို မလိမ္ဘူး။ယွီယွီက လီလီကိုသဘောကျတယ်။လီလီက အရမ်းတော်တယ်လေ!"




ကလေးမလေးက ယုံကြည်ချက်အပြည့်နှင့်ဖြစ်ပြီး သူမဟာ ကမ္ဘာပေါ်မှာ နံပါတ်တစ်ဖြစ်ကာ အခြားလူတွေကအမှိုက်တွေဖြစ်နေသလို အမူအရာလေးနှင့်ဖြစ်သည်။




လူအိုကြီး : "....."





ဒီကလေးမလေးက တကယ်ကို အရှက်မဲ့တာပဲ!သူမအဖေဆီကနေ သင်ယူထားတာပဲ ဖြစ်ရမယ်။



စုန့်ချင်းဝမ်ကလည်း ဝင်ပြောလေသည်။

"အဖေ ဒီငါးတွေနဲ့ပက်သက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ သမီးလဲမသိဘူး။သတိသာမထားရင် မြင်မိမှာ မဟုတ်ဘူးဆိုပေမယ့်ဒီငါးတွေက တကယ်ပဲ လီလီဆီကိုကူးလာကြတာ"





"အဖေမယုံဘူးဆိုရင် သမီးလည်းမတတ်နိုင်ဘူး။ကြည့်ရတာ ကလေးတွေက အကောင်ငယ်လေးတွေကို ပိုပြီးသဘောကြတာကြောင့်နေမှာပါ"




"မင်းဘာကိုဆိုလိုတာလဲ?"






နာကျင်မှုထဲမှာ ရုန်းကန်နေရတဲ့ လူအိုကြီးကတော့ ခေါင်းမာနေဆဲဖြစ်လေသည်။

"မင်းပြောချင်တာက ငါကဒီငါးတွေကိုလုံလောက်အောင် သဘောမကျဘူးလို့လား?"





I Become The Villain's Own Daughter 《 Myanmar translation 》Où les histoires vivent. Découvrez maintenant