99.

3.4K 558 25
                                    

Chapter 99 : Is thrown into the trash can

လက်ထောက်ချန်အံ့ဩသွားသော်လည်း လူကြီးသူကောင်းဆန်သည့် မျက်နှာပေါ်တွင် ဘာကိုမှထုတ်မပြပေ။သူလုကျွင်းဟန်ဆီလျှောက်လာပြီး ပြုံးကာလေးစားမှုအပြည့်နှင့်ပြောသည်။

"သခင်လေး အရင်ရက်က Haicheng မူကြိုကိုဝယ်ခိုင်းခဲ့တာ ကျွန်တော်ဆောင်ရွက်ပြီးသွားပါပြီ။ဒါက ဝယ်ယူပြီးစီးကြောင်းသဘောတူ စာချုပ်ပါ။စစ်ဆေးကြည့်ပါဦးဗျ"

"Haicheng မူကြိုကျောင်း?" စုန့်ချင်းဝမ် အေးခဲသွားခဲ့သည်။

"မင်း Haicheng မူကြိုကျောင်းကြီးတစ်ခုလုံးကို ဝယ်ပစ်လိုက်တာလား?"

Haichengမူကြိုဆိုတာ  Haicheng လုံးတွင်းအကြီးဆုံးဖြစ်ပြီး တော်ဝင်ဆန်သည့် မူကြိုကျောင်းတစ်ကျောင်းဖြစ်သည်။ဒီလိုမူကြိုမျိုးက မင်းပိုက်ဆံရှိတယ်ဆိုတိုင်း ဝင်ခွင့်ရတဲ့မူကြိုမျိုးမဟုတ်ပေ။အနည်းဆုံးမိဘတွေက အထက်ပိုင်းမှာ ရာထူးကြီးကြီးမားမားတစ်ခုရှိမှသာ ကလေးကိုပို့နိုင်မည်ဖြစ်သည်။သေချာတာပေါ့,နှစ်စဉ်စာသင်ကြားစရိတ်ကလည်း ကြောက်စရာကြီးလေ။

မျှော်လင့်မထားနိုင်အောင်ဘဲ လုကျွင်းဟန်က အဲ့ဒီမူကြိုကျောင်းကို တစ်ခွန်းမှမပြောဘဲ ဝယ်ပစ်လိုက်ပြီတဲ့!အံ့အားသင့်စရာမလိုအောင် အဲ့ဒီမူကြိုကျောင်းက လီလီတက်ရမယ့် မူကြိုပါပဲ။

ကြည့်လိုက်ရင်တော့ လုကျွင်းဟန်က အေးစက်ပြီး ဘာမှဂရုမစိုက်သလိုထင်ရသည်။တကယ်တော့ သူမှာထိန်ချုပ်ဖို့ ခိုင်မာတဲ့ ဆုံးဖြစ်ချက်တစ်ခုရှိပြီးသားပင်။လီလီ့ကို လုမိသားစုလက်အောက်မှာမရှိတဲ့ မူကြိုမှာထားဖိုးဆိုတာ သူ့အတွက်မဖြစ်နိုင်တဲ့ ကိစ္စပဲ။လူအိုကြီးကလည်း သိသိသာသာကိုပဲ နားလည်သွားလေသည်။ရုတ်တရက် ဒေါသထွက်တာကြောင့် အပြာရောင်အကြောများထောင်လာပြီး မျက်လုံးထဲတွင်လည်း မီးတောက်နေတော့သည်။သူရွေးချယ်ပြီးသားကို သူနဲ့စုန့်ချင်းဝယ်ကို ဒီလောက်အကြာကြီး ငြင်းခုံခိုင်းရဲတယ်!

သူအချိန်အများကြီးဖြုန်မိသွားတာကိုတွေးမိသွားတာနဲ့ လူအိုကြီးမှာစိတ်တိုလာရပေမယ့် လုကျွင်းဟန်ကို အနိုင်ယူလို့ရမယ့်နည်းလမ်းလည်းရှိမနေပေ။နောက်ဆုံးမှာ သူကကလေးမလေးရဲ့ အဖေဖြစ်တာကြောင့် သူနောက်တစ်လှမ်းဆုတ်ပေးရမယ်လေ။

I Become The Villain's Own Daughter 《 Myanmar translation 》Nơi câu chuyện tồn tại. Hãy khám phá bây giờ