Chapter 46 : Feeding Pigs
Pei Xiubai နှင့် ကိုယ်ရံတော်တွေလည်း မကြာခင်ထွက်ခွာသွားသည်။
ဒီလိုကိစ္စကြီးဖြစ်ပြီးနောက် ရွှီးစီယဲ့ ဆွေးနွေးခန်းတွင် ဆက်ထိုင်ချင်သည့်စိတ်ရှိမနေတော့ပေ ဒါကြောင့် ရိုးရှင်းစွာဖြင့် သူ့ကိုယ်သူ နေ့တစ်ပိုင်း ခွင့်ပေးလိုက်တော့သည်။
သူကော်ရစ်တာကနေ ထွက်ထွက်ချင်းပဲ သူနာပြုအချို့ တီးတိုးပြောနေကြသည်ကို ကြားလိုက်ရသည်။
"ဘာအရေးကြီးကိစ္စရှိလဲ မသိပေမယ့် နိုးလာတာနဲ့ ချက်ချင်းထွက်သွားတာ ဆေးသွင်းလို့တောင် မပြီးလိုက်ဘူး...."
"သူမ တံခါးနားမှာ မူးလဲတော့မလိုဖြစ်နေတာ ကံကောင်းတာက တစ်ယောက်ယောက်သူမကို ကုသဖို့ လာပို့ပေးလို့ပေါ့။ဒီတစ်ခေါက် သူမပုံစံက ဆိုးဆိုးဝါးဝါးကြီးကို အားနည်းနေတာ..."
"ဘာကိုကံကောင်းတာလဲ။ ငါဆိုရင် ငါ့ခန္ဓာကိုယ်လေးကို မြတ်နိုးလွန်းလို့ ထိန်းသိမ်းလိုက်ရတာ။သူမကတော့ ဆေးသွင်းပြီးတာနဲ့ ကောင်းသွားပြီထင်နေလားမသိဘူး ။နိုးလာတာနဲ့ ဆေးအပ်ကို ဖြုတ်ပြီးထွက်သွားတော့တာပဲ။ငါသူမကို ဖြောင်းဖျနေပေမယ့်လဲ နားမထောင်ဘူး။ဘယ်လောက်ပဲ အရေးကြီးကြီး ကိုယ့်ခန္ဓာကိုယ်ထက်တော့ အရေးကြီးနိုင်ဦးမလား!!!"
"ဟုတ်တယ် ဒါပေမယ့်လဲ ဒါက ပုံမှန်ပါပဲ။သူမရဲ့ အစာအိမ်ကင်ဆာကလည်း ကုသလို့မရတဲ့အဆင့်အထိ ပြင်းထန်နေပြီ။စောစောထဲက ကုသခဲ့မယ်ဆိုရင် ဒီနေ့ဒီလို အခြေအနေထိရောက်နေမှာ မဟုတ်ဘူး...."
ရွှီးစီယဲ့က တစ်စွန်းတစ်ဆသာကြားလိုက်ရပြီး ရယ်မောကာ ဝင်ပြောလိုက်သည်။
"ဘာအကြောင်းတွေပြောနေကြတာလဲ။ အစာအိမ်ကင်ဆာ ဘာဖြစ်တယ်???"
"နာခံမှုမရှိတဲ့ ကင်ဆာလူနာတစ်ယောက်လေ ခုလေးတင်လာသွားတာ။သူမကို ဆေးရုံတက်ဖို့ နားငြီးအောင် ဖြောင်းဖျနေပေမယ့်လဲ သူမက ငြင်းနေတုန်းပဲ။သူမရဲ့ လက်ထောက်ကိုခေါ်ပြီး ဆေးမှတ်တမ်းတွေပေးလိုက်တာ ဒါပါပဲ။လုံးဝကို ပျက်စီးနေပြီ မသိရင် ကျွန်မတို့ကပဲ အန္တရာယ်ပြုမှာ ကျနေရော...."
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.