Chapter 104 : I don't want to sit anymore
"ဖေဖေ အမှားလုပ်လိုက်ပြီ!"
လိုလီတာလေးက စိတ်ဆိုးစွာဖြင့် သူမ၏ပါးလေးကိုဖောင်းထားရင်း ဖေဖေကသူမဆိုလိုရင်းကို နားမလည်တာများလားလို့ထင်နေမိသည်။သူမကစိတ်ပျက်စွာဖြင့် သူမရဲ့တင်ပါးလေးပေါ် ခါးလေးထောက်ရင်း ပြောသည်။
"လီလီက ကိုကိုXiubai နဲ့အတူ ဆင်ပေါ်မှာ ထိုင်ချင်တာ!လီလီတစ်ယောက်ထဲ မထိုင်ချင်ဘူး!"
"ဘာ?"
လုကျွင့်ဟန်က မျက်ခွံတွေကို ဂရုမမူစွာ ပင့်တင်လိုက်ရင်း မထူးခြားသည့်အကြည့်ကို ဖုန်းဆီမှ စိတ်ဆိုးနေသည့် သူမ၏ ပါးဖောင်းဖောင်းလေးတွေဆီ ရွေ့လိုက်သည်။
"အော...မင်းမထိုင်ချင်ဘူးလား?ဒါဆို ဆင်းလာခဲ့လေ"
သူမဖေဖေရဲ့ နားတွေနဲ့ပက်သက်ပြီး တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ် !
"မဟုတ်ပါဘူးဆို!" လိုလီတာလေးက လက်တီးသေးသေးလေးတွေကို ဆုတ်ထားရင်း အားကုန်သုံးကာ အော်လေသည်။
"လီလီပြောနေတယ် ကိုကိုXiubai နဲ့ပဲထိုင်ချင်တာ !တစ်ယောက်ထဲ မထိုင်ချင်ဘူးလို့!!ဖေဖေနားလည်ပြီလား? လီလီ ကိုကို Xiubai နဲ့ထိုင်ချင်တယ် တစ်ယောက်ထဲမဟုတ်ဘူး!"
ကလေးလေး၏အသံက မရင့်ကျက်သေးဘဲ အထူးသဖြင့် မိန်းကလေးတစ်ယောက်အတွက် ကြွပ်ဆပ်ဆပ်လေးဖြစ်နေသည်။နဂိုထဲက သူမလေး၏အသံမှာ တက်ကြွပြီးအလွန်အမှတ်တရဖြစ်စေကာ ခုလိုအော်လိုက်ချိန်မှာတော့ ပို၍စူးရှနေ၏။
ထိုအသံကြောင့် နံဘေးမှလူအုပ်မှာ ချက်ချင်းတိတ်ဆိတ်သွားတော့သည်။မကြာခင်၌ အနှောက်အယှက် ပေါ်လာတော့သည်။
"ကိုကိုXiubai ဆိုတာ ဘာကောင်လဲ?မြန်မြန်ဆင်းသွားစမ်းပါ ငါ့သမီးထိုင်ဖို့စောင့်နေသေးတယ်ကွ!"
"ဟုတ်ပ , ငါတို့လဲဒီမှာ အတန်းအရှည်ကြီးစီနေရတာ , လူတိုင်းရဲ့အချိန်ကို မဖြုန်းလို့ရမလား?"
Pei Xiubai ကိုတွန်းပေးနေသည့် ကိုယ်ရံတော်မှာလည်း သူမလေး၏ စူးရှလှသော အသံကိုကြားလိုက်ရပြီး ဆင်ပေါ်၌ပိုနီတေးလ်လေး နှစ်ဖက်စည်းထားသည့် ပန်းရောင်မင်းသမီးလေးကို သတိထားမိသွားသည်။သူ ချက်ချင်းထိတ်လန့်သွားလေသည်။
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.