Chapter 35: Why can't you touch
ကလေးမလေးက ကြောင်လေး၏ခေါင်းကို သူမ၏ပါးဖြူဖြူလေးတွေနှင့် ညင်သာစွာ ပွတ်သပ်နေသည်။သူမ၏ ပန်းရောင်ဂါဝန်လေးက ကြမ်းပြင်တွင်ပြန့်ကျဲနေပြီး ပန်းတွေပွင့်နေတာနှင့် ဆင်တူလေသည်။
ထိုအချိန်တွင် ပြင်သစ်ပြတင်းပေါက်ကြီးမှ မှိန်ပြပြနေရောင်ခြည်က ဝင်လာပြီး နွေရာသီ၏ လေပြေအေးအေးလေးနှင့် ပေါင်းစပ်သွားခဲ့ကာ ကြောင်လေးနှင့် အလှလေးပေါ်သို့ ရွှေရောင်အလွှာလေးဖုံးလွှမ်းသွားစေသည်။
Ponytail လေးနှစ်ဖက်ကို သေသေသပ်သပ်စည်းထားသည့် လိုလီတာလေးက ရိုးရှင်းပြီး လှပသည်။သူမက ကြောင်လေးကို နူးညံ့သည့်လက်ကလေးတွေနှင့် လက်မောင်းထဲတွင်ပွေ့ဖက်ထားပြီး သူမ၏အပြုံးက လူတွေ၏နှလုံးသားကို ချိုမြိန်သွားစေသည်အထိ နူးညံ့ကြည်လင်နေသည်။မြင်ကွင်းလေးက အိပ်မက်ဆန်ပြီး နွေးထွေးသည်။မယုံနိုင်စရာကောင်းသည်။
သို့ပေမယ့် ရွှီးစီယဲ့တွင် အနုပညာရသကို ခံစားနိုင်သည့် အတွေးမျိုးရှိမနေဘဲ သူ့ခေါင်းတွေပေါက်ကွဲတော့မလိုပဲ ခံစားနေရသည်။သွားပြီ!!ဒါ...ဒါကလုံးဝကို ပြီးဆုံးသွားပြီ။
တကယ်လို့ အဲ့ဒီသံသယများလွန်းတဲ့ သခင်ငယ်လေးသာ သူရဲ့ ကြောင်က အခြားသူ ရဲ့ ပွတ်သတ်ခြင်းခံလိုက်ရတာတင်မကဘဲ အနမ်းပါခံလိုက်ရတယ်ဆိုတာကို သိသွားလို့ကတော့ လိုလီလေးခဗျာ ရက်ရက်စက်စက်ကို အနိုင်ကျင့်ခံရတော့မှာပဲ။
ဒါပေမယ့် လုကျွင်းဟန်ကအခုဒီမှာရှိမနေဘူး။ရွှီးစီယဲ့ အလွန်ဝမ်းနည်းနေသည်။စောစောထွက်သွားတာပဲဖြစ်ဖြစ် နောက်ကျမှထွက်သွားတာဖြစ်ဖြစ် တစ်ခုခုလုပ်ပါလား ဘာလို့ဒီအချိန်မှဖုန်းထွက်ပြောနေရတာလဲ။
သခင်ငယ်လေးက ဒီနှစ်မှ အသက်ခုနှစ်နှစ်ပြည့်တာကို ထည့်မပြောနဲ့ သူက အရွယ်နဲ့မလိုက်အောင်ကိုကြောက်ဖို့ကောင်းတယ်။သူရဲ့ ဥာဏ်ပညာကလဲ နတ်ဆိုးတစ်ကောင်လိုပဲ။ပြီးတော့ သူ့မှာ ပိရမစ်ထိပ်ဆုံးမှာလိုမျိုး အရေးပါသည့် မိသားစုနောက်ခံကလဲရှိသေးတယ်။
အကြံအစဉ်များလွန်းတဲ့ မြေခွေးအိုကြီးတွေတောင်မှ သူတို့နောက်ကျောမှာ ချွေးတွေကျရပြီး သူ့အရိုးထဲက ရက်စက်မှုတွေက လုကျွင်းဟန်ထက်တော့မလျော့ပေ။ကံမကောင်းစွာပဲ လွန်ခဲ့သည့်တစ်နှစ်က ကားမတော်တဆမှုဖြစ်ခဲ့ပြီး သူ၏ခြေထောက်တွေကို ထိခိုက်မိကာ မတ်တပ်မရပ်နိုင်တော့ပေ။ထိုအချိန်မှစ၍ သူ၏စရိုက်က ပို၍ကြမ်းတမ်းရက်စက်လာပြီး ပြင်းထန်လာခဲ့သည်။မြို့ထဲတွင် ဘယ်သူကမှဒီနတ်ဆိုးလေးကို ရန်မစရဲပေ။

YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.