မအားတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်ပြီကွယ် 🤧
Chapter 113 : What to do if you lose it
"အဲ့တာက သခင်မလေးက သူ့ဘာသာကားထဲ ပြေးဝင်သွားတော့ ကျွန်တော်တို့လဲမျှော်လင့်မထားမိလို့ပါ" ကိုယ်ရံတော်က ရှက်ရွံ့စွာပြောသည်။
လူအိုကြီးကအလွန်စိတ်ဆိုးနေပြီး သူအသံကပို၍ ပို၍ကြောက်စရာကောင်းလာတော့သည်။
"ဒါဆိုရင်လည်း မင်းတို့သူမကိုမကိုင်ထားဘူးလား?သူမအသက်ဘယ်လောက်ရှိပြီမို့လဲ ကလေးကဘာနားလည်မှာလဲ?""ကျန်တော်တို့လည်း သူမကိုဆွဲထားချင်ပေမယ့် သခင်မလေးပြေးတာမြန်လွန်းလို့ ကျွန်တော်တို့တောင် မတုန့်ပြန်နိုင်လိုက်ဘူး...."
ပြောရမယ်ဆိုရင် အဲ့လိုအရှိန်မျိုးက ကလေးတစ်ယောက်မှာ မရှိနိုင်။သူတို့ရှေ့က ဖြတ်သွားသည့် ပန်းရောင်အရိပ်လေးကိုသာ မြင်လိုက်ရသည်။ဘယ်သူလဲဆိုတာ သူတို့မမြင်နိုင်သေးခင်မှာဘဲ ထိုသူကကားထဲရောက်သွားနှင့်နေပြီ ဖြစ်သည်။ကိုယ်ရံတော်က ခနရပ်လိုက်ပြီးနောက် ပြောသည်။
"အဲ့ဒီအချိန်က ကျွန်တော်တို့ပေါ့ဆမိသွားပါတယ်။ဒါပေမယ့် ကျွန်တော်တို့လူတွေနောက်ကလိုက်နေပါပြီ"
လူအိုကြီးမှာတော့ ဒေါသထွက်နေလို့ စကားတစ်ခွန်းတောင် ထပ်မပြောနိုင်တော့ပေ။သူက လှည့်ပြီးလက်ထဲကငါးကိုလွတ်ပစ်လိုက်ကာ တည်ငြိမ်စွာစကားပြောစက်ကိုထုတ်ပြီး လူခေါ်၍ဧရိယာတစ်ဝိုက်ကို ရှာဖွေရန်အမိန့်ပေးနေလေသည်။ဘယ်ကားကိုမှထွက်သွားခွင့်မပြုနိုင်ဘူး။ပိုပြီး အရေးကြီးတဲ့အချိန်ဖြစ်လေလေ မင်းပိုပြီးတော့တည်ငြိမ်ရမယ်။မင်းတည်ငြိမ်နေသလောက် အမြန်ဆုံးမင်းလူကိုပြန်ခေါ် နိုင်လိမ့်မယ်။
"ကောင်လေး,မင်းနောက်တစ်ခေါက်လောက် ပြန်စဉ်းစားစမ်းပါ။မင်းတကယ်ပဲ Pei Xiubai ကိုတိုက်ဖို့ လူမလွတ်ခဲ့ဘူးလား?"
စုန့်ချင်းဝမ်က မျှော်လင့်ချက်အပြည့်နှင့် အလောကြီးနေလေ၏။သူမရဲ့ယုံကြည်မှုကို ဒီနေရာမှာထားရန်သာ တတ်နိုင်တော့သည်။တကယ်လို့သာ လုကျွင်းဟန်ရဲ့လူတွေဆိုရင် သူတို့ရဲ့ပစ်မှတ်ကPei Xiubai တစ်ယောက်ထဲသာဖြစ်ပြီး လီလီကဘေးကင်းလိမ့်မယ်။ဒါပေမယ့် လုကျွင်းဟန်ရဲ့လူသာမဟုတ်ခဲ့ဘူးဆိုရင်.......လီလီ့လို လှပတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ရက်စက်ပြီးလူမဆန်မှုကို ခံစားရလိမ့်မယ်။သူမဒီအကြောင်းကို တွေးပင်မတွေးရဲတော့ပေ!
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.