18.

5.1K 799 7
                                    

Chapter 18

အိမ်တော်ထိန်းကဆက်ပြီးသည်းမခံနိုင်တော့ပေ။

"သခင်လေး , ကလေးမလေးကို နေခဲ့ခိုင်းလိုက်တာက ပိုကောင်းပါတယ်။သူမအတွက် ဘယ်လောက်ကောင်းတဲ့လူကိုရှာပေးပေး အဆုံးမှာ သူမကသွေးသားရင်းမဟုတ်တာကြောင့် ကွာဟချက်ရှိမှာကတော့ မလွဲဧကန်ပါပဲ။အဲ့လိုဆိုမှတော့ သခင်လေးရဲ့ နှာခေါင်းအောက်မှာထားတာက ပိုပြီးတော့ စိတ်ချရတာပေါ့"

လုကျွင်းဟန်က လုလီ၏ သေးငယ်တဲ့ နောက်ကျောလေးကိုကြည့်ပြီး ဘာမှ မပြောပေ။

သူမ တကယ်ဒေါသထွက်နေပုံပေါ်သည်။သူမရဲ့ ခေါင်းကို စုန့်ချင်းဝမ်၏ လည်ပင်းနားတွင်နှစ်မြုပ်ထားပြီး သူ့ကိုတောင်ကြည့်မလာပေ။

အရင်ကသူ့ကိုတွယ်ကပ်ခဲ့သလို စုန့်ချင်းဝမ်ကို တွယ်ကပ်နေခဲ့သည်။အမှန်ဆိုရင် အဲ့တာက သူနေရာဖြစ်ရမှာလေ။သူမက သူ့သမီးဆိုတာ သိသာနေတာကို။ သူတကယ်ကို မုန်းတီးနေမိသည်။

လုကျွင်းဟန်က ဘယ်တုန်းကမှ အလွယ်တကူ ယိမ်းယိုင်တတ်ပြီး သူစီစဉ်ထားတာကို ပြောင်းလဲတတ်တဲ့ လူတစ်ယောက်မဟုတ်ခဲ့ပေ။အရင်က သူပြောခဲ့တာက သူမကို ပိုကောင်းတဲ့ မိသားစုကိုရှာပေးမည်ဖြစ်ပြီး သူ့လူတွေက သူ့အကြံအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။အခြေအနေက အမြဲတမ်းဒီလိုဖြစ်ခဲ့တာ ဖြစ်သည်။

လုကျွင်းဟန်၏ မျက်ခုံးက တွန့်သွားပြီး နှုတ်ခမ်းက လှုပ်သွားသည်။ဒါပေမယ့် ကလေးတွေကို ချော့ဖူးတဲ့ အတွေ့အကြုံ မရှိတာကြောင့် ဘာပြောရမလဲမသိပေ။

အိမ်တော်ထိန်း  :  "သခင်လေး..."

လုကျွင်းဟန် သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး  နှုတ်ခမ်းကို ဖိလိုက်ကာ အေးစက်စွာနှင့်လှည့်ပြောလိုက်သည်။

"အန်တီ လိုချင်သ၍ , သူမကိုပျိုးထောင်စေချင်နေသ၍ ကျွန်တော်လုပ်ပေးမယ်။ဘာပဲဖြစ်ဖြစ် လုအိမ်တော်က အစားအသောက် မချို့တဲ့ပါဘူး။အကောင်းဆုံးက သူမလုပ်စရာမရှိရင် ကျွန်တော်ရှေ့ကို လှုပ်ယမ်းမနေစေနဲ့"

ပြောပြီးတာနဲ့ မျက်နှာသေနှင့် လှည့်ထွက်သွားတော့သည်။ဒါပေမယ့် သူအတော်လေးကို ကသိကအောက်ဖြစ်နေသည်။

I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now