121

2.8K 358 6
                                    

Chapter 121: Tan Hu

"ဟုတ်သားပဲ သူ့ခြေထောက်တွေလှုပ်မရဘူးဆိုတာ ငါဘယ်လိုလုပ်မေ့နေပါလိမ့်,သူက ဒုက္ခိတတစ်ယောက်သာသာပဲ!"
စပ်ဆုတ်ဖွယ်အမျိုးသားက စိတ်လှုပ်ရှားစွာနဲ့ လူယုတ်မာဆန်ဆန်ရယ်မောလိုက်သည်။

"ငါသူ့ကို ဆယ်မိနစ်လောက်နေပြီးမှ ပစ်မယ်ဆိုလည်းအဆင်ပြေပါတယ်။ပြီးတော့ အားရပါးရကိုနှိပ်ဆက်ပစ်ဦးမယ် သူထနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"

"မဟုတ်ဘူး,ဒီတိုင်းသတ်လိုက်!"ညင်သာသည့်လူက သူ့နှုတ်ခမ်းကိုဖိကာ အေးစက်စွာပြောသည်။
"ငါတို့တာဝန်က သူ့ကိုကားထဲမှာသတ်ဖို့ပဲ။ရှာတွေ့သွားနိုင်ခြေကပိုများတယ်ဆိုပေမယ့် နောက်ပိုင်းသူထွက်ပြေးသွားတာထက်စာရင်တော့ ပိုကောင်းသေးတယ်"


"မှန်တယ်!"စပ်ဆုတ်ဖွယ်လူက လှောင်ရယ်လိုက်သည်။
"ဒါပေမယ့် သူ့ကိုငါကိုယ်တိုင်သတ်မယ်။ဒီကောင်လေးငါ့မျက်လုံးထဲ ကန့်လန့်ဖြစ်နေတာကြာပြီ, သူရဲ့ဆိုးရွားတဲ့ ဝင်သက်ထွက်သက်ကို အဆုံးမသတ်ပေးလိုက်ရရင် ငါအတော်စိတ်ပျက်မိနေလောက်တယ်!"


ဖုန်းထဲမှာ သူတွေ့လိုက်ရတာနဲ့ပက်သက်ပြီး တွေးမိသွားတော့ သခင်ငယ်လေးရဲ့ မျက်လုံးတွေက အနည်းငယ်နက်ရှိုင်းလို့သွားသည်။သိသိသာသာကိုပဲ ဒီပြန်ပေးဆွဲတဲ့အဖွဲ့က ရိုးရှင်းတဲ့ပြန်ပေးသမားတွေမဟုတ်လေဘူး။သူတို့ကိုယ်ပေါ်မှာ သေနတ်ရှိပြီး သူတို့အသက်ကို ယူဖို့လည်း ကြောက်ရွံ့မနေသလို တာဝန်ကိုပဲ ဂရုစိုက်ပုံမှာ ရာဇဝတ်မှုကျူးလွန်ဖို့ မကြောက်ဘဲ ယုတ်မာသည့်လူတွေနဲ့တောင် ပို၍တူလို့နေသည်။


တကယ်တော့ သူကားပေါ်တက်လိုက်ကထဲက တစ်ခုခုမှားနေပြီဆိုတာ Pei Xiubai သိလိုက်ပါတယ်။တကယ်လို့ ငွေတောင်းဖို့အတွက်ပဲ သူ့ကိုပြန်ပေးဆွဲတာဆိုရင် ကားပေါ်ရောက်သွားထဲက သူသတိမေ့သွားရမှာ...ဘာလို့ဆိုသူသာလွတ်မြောက်သွားခဲ့ရင် သူတို့ပိုက်ဆံတွေ ဆုံးရှုံးသွားမှာမို့လို့လေ။ဒါပေမယ့် ဒီအုပ်စုကတော့ မဟုတ်ခဲ့ဘူး။ထပ်ပြောရရင် သူတို့မှာ မေ့ဆေးတောင်ရှိမနေဘူး။သူတို့ကိုကြည့်ရတာ သူတို့ကိုယ်ပိုင်စွမ်းအားအပေါ် အတော်လေးယုံကြည်ချက်ရှိနေပုံပေါ်တယ်။ပြီးတော့ သူမလွတ်နိုင်ဘူးလို့ထင်နေပုံရသည်။တကယ်လို့ လွတ်နိုင်ခဲ့ရင်တောင်မှ သူတို့မှာ သေနတ်ရှိနေတာကြောင့် စိတ်မပူတာဖြစ်လောက်တယ်။


I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now