17.

5.3K 861 8
                                    

Chapter 17

စုန့်ချင်းဝမ်က အရမ်းကို အကူညီမဲ့နေသည်။

မမျှော်လင့်ထားစွာဖြင့် , ကလေးမလေးက မျက်ရည်တွေကိုသုတ်လိုက်ပြီး  သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေနှင့် ပို၍ ကျယ်လောင်စွာ ငိုနေခဲ့သည်။သူမငိုလေလေ ပို၍ဝမ်းနည်းလေ ဖြစ်ပြီး မရပ်တန့်နိုင်တော့ပေ။

စပျစ်သီးလို လုံးဝိုင်းနေသည့်မျက်ဝန်းမှာ မျက်ရည်စီးကြောင်းများနှင့်ဖြစ်နေပြီး သူမက အလွန်ဝမ်းနည်းနေသည်။

"ဖေဖေ, မေ..မေမေပြောတာက တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ထိပြီးရင် တာဝန်ယူရမယ်တဲ့။oh  oh, မဟုတ်ရင် သတ်ခံရလိမ့်မယ်။သမီးက ဖေဖေအသတ်ခံရမှာကို မလိုချင်ဘူး။ဖေဖေ , လီလီကို အိမ်ကိုခေါ်သွားမယ် မဟုတ်လားဟင်"

ဒီအခြေအနေ၏ သတင်းအချက်အလက်က အတော်ကြီးမားနေသည်။ချက်ချင်းပဲ လူတိုင်းရဲ့ မျက်လုံးက ကျယ်သွားသည်။ကလေးမလေးက အနိုင်ကျင့်ခံနေရသလို သူမ၏နှာခေါင်းလေးကို ရှုံ့လိုက်သည်။အရမ်းကို သနားဖို့ကောင်းတာပဲ။

စုန့်ချင်းဝမ်က သူ့ကို သားရဲတစ်ကောင်ကိုကြည့်သလို ကြည့်နေသည်။သူမက မယုံကြည်နိုင်စွာနဲ့ အသက်ရှူလိုက်ရင်း လုကျွင်းဟန်ကို တုန်တုန်ရီရီနှင့် လက်ညိုးထိုးလိုက်သည်။

"မင်းက ကလေးလေးကို ဒီလို လုပ်ထားပြီးတာဝန်မယူချင်ဘူး။ မင်းကလူတောင်ဟုတ်သေးရဲ့လား။သူမက အသက်သုံးနှစ်ပဲရှိသေးတယ်"

အိမ်တော်ထိန်းနှင့် လက်ထောက်၏မျက်နှာက ပြောင်းလဲသွားသည်။သူတို့၏ မျက်လုံး အမူအရာက ရှုံ့ချမှုတွေနှင့်ပြည့်နေသည်။ကိုယ်ရံတော် တစ်ယောက်ဆိုရင် ဖုန်းကိုကိုင်ထားပြီး ရဲကိုခေါ်ဖို့တောင် အသင့်ဖြစ်နေခဲ့သည်။(🤣🤣)

လုကျွင်းဟန်၏ မျက်လုံးတွေက ပို၍ နက်မှောင်လာပြီး သူတို့ကိုကြည့်ကာ လှောင်ရယ်လိုက်သည်။

"မင်းတို့ ဒီထက်ပိုပြီး ဦးနှောက်ရှိနိုင်ဦးမလား။ဒါကို ယုံတယ်??"

ကိုယ်ရံတော်,လက်ထောက်နှင့်အိမ်တော်ထိန်း ,စုန်ချင်းဝမ်အပါအဝင် အလျှင်အမြန်ပဲ ဖြေလာခဲ့သည်။

I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now