127

1.8K 293 15
                                    

Gp မှာ 128 ရောက်ပါပီရှင့် အားပေးကြပါဦးနော် 🤭❣

Chapter 127 : maybe dead

စုန့်ချင်းဝမ်ရင်းနှီးနေတဲ့အသံလေးကို ကြားလိုက်ရတော့ စိတ်လှုပ်ရှားလွန်းလို့ ငိုမိလုနီးပါးပင်။ဒီလိုကြားနေရတယ်ဆိုတော့ ကလေးမလေးအနိုင်ကျင့်မရသလို ထိတ်လန့်မနေဘူးထင်ပါ့။ဖြစ်နိုင်တာက သူမလေးငယ်ရွယ်သေးတာကြောင့် ပြန်ပေးဆွဲတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုနားမလည်ဘဲ ဦးလေးကြီးတွေသူမနဲ့အတူ ဂိမ်းကစားနေတယ်လို့ ထင်ရင်ထင်နေမှာ...


ဒါလည်းကောင်းတာပါပဲ။ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ သူမစိတ်ထဲအရိပ်ဆိုးကြီးဖြစ်နေမှာကို သူမစိုးရိမိနေမိတာ။စုန့်ချင်းဝမ်စိတ်သက်သာရာရသွားတဲ့ သက်ပြင်းရှည်ကြီးကိုချလိုက်ပေမယ့် စိတ်ပူနေဆဲဖြစ်ပြီး ဖုန်းဆီသို့အလောတကြီးပြောလိုက်သည်။


"လီလီ,လီလီ သမီးအဆင်ပြေရဲ့လား?အဲ့ဦးလေးကြီးတွေ သမီးကိုရိုက်သေးလား?"


စုန့်ချင်းဝမ်၏ စိတ်ထဲမှာတော့ ခုချိနိကလေးမလေးက ထိုင်ခုံပေါ်မှာ ကြိုးချည်ခံထားရမှာပဲလို့ မြင်နေသည်။ပြန်ပေးသမားတွေက သူမနား နားမှာဖုန်းကိုထားပေးပြီး သူမကိုရက်ရက်စက်စက်ဖိအားပေးကာ သူတို့ဆီမှ ပိုက်ဆံတောင်းခိုင်းနေလောက်တယ်။စုန့်ချင်းဝမ်မှာ ထိုဝမ်းနည်းပြီး သနားစရာကောင်းသည့် ပုံရိပ်လေးကို တွေးမိပြီးသူမနှလုံးသားလေးကွဲကြေသွားသလိုပင်။


ကလေးမလေးက ခေါင်းလေးစောင်းကာ ခနလောက်စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
"ဦးလေးကြီးတွေက လီလီကိုမရိုက်ပါဘူး ဒါပေမယ့် သူတို့ကိုကိုXiubai ကိုရိုက်ကြတယ်!သူတို့ ရက်ရက်စက်စက်ကို ရိုက်ကြတာ!သွေးတွေလည်း အများကြီးပဲ!"


လိုလီတာလေးက စကားအနည်းငယ်လောက်နဲ့ အမာရွတ်လူ၏ သူမကိုကိုအပေါ် သနားစရာလုပ်ရက်တွေကို တိုင်ပြောပစ်တယ်။စုန့်ချင်းဝမ်ကလုံးဝ စိတ်သက်သာရာရသွားပြီး ..
"ဒါဆို ကောင်းတယ်,ကောင်းတယ်"

လိုလီတာလေး : "???"


အချိန်ဆွဲဖို့ရာအတွက် စုန့်ချင်းဝမ်က ကလေးမလေး၏ လုံခြုံမှုကို အတည်ပြုသည့်အနေဖြင့် မေးသည်။
"မင်းတို့ ဘယ်လောက်လိုချင်တာလဲ?"


I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now