Chapter 80 : Watching TV and cryingလုကျွင်းဟန်က အကျွမ်းတဝင်မရှိသည့် အိမ်တော်ဟောင်းမှ စစ်တပ်သုံးမာကျောနေတဲ့အိပ်ယာပေါ်မှာ အိပ်ခဲ့တယ်ဆိုတာကို သတိရလိုက်သည်။မနက်၂နာရီလောက်မှ ခက်ခက်ခဲခဲ အိပ်ပျော်သွားရပြီး အိပ်ပျော်ပြီးခနလေးမှာပဲ နိုးလာရပြန်သည်။သူ၏မျက်လုံးတွေက မထူးခြားစွာပဲပွင့်လာပြီး အေးစက်နက်မှောင်နေသော မျက်လုံးတွေထဲမှာ စိတ်မရှည်မှုတွေ ဒေါသတွေနှင့်ပြည့်နေ၏။မျက်လုံးထဲက အေးစက်စက်အလင်းရောင်မှာ အမှောင်ထဲမှာ အလွန်တရာကြောက်စရာ ကောင်းနေတော့သည်။
သူမျက်လုံးဖွင့်လိုက်ချင်းမှာပဲ ကလေးမလေး၏ အပြစ်ကင်းစင်နေသော ကြည်လင်သည့်မျက်လုံးဝိုင်းကြီးတွေကို တွေ့လိုက်ရသည်။လိုလီတာလေး၏ဆံနွယ်များက ပုခုံးပေါ်တွင် ပြန့်ကျနေပြီး မျက်နှာလေးက ဖျော့တော့ပြီးပန်းရောင်သန်းနေသည်။
နှုတ်ခမ်းပါးတစ်စုံကလည်း နီရဲတောက်ပနေကာ သူမ၏မျက်လုံးဝိုင်းကြီးတွေအပေါ် ငှက်မွှေးကဲ့သို့ရှည်လျားသော မျက်တောင်မွှေးတွေက အရိပ်ကျရောက်လို့နေ၏။ခြုံပြီးကြည့်ရလျှင် သိမ်မွေ့သည့် အရုပ်မလေးတစ်ရုပ်လိုပင်။အလွန်ကို ချစ်စရာကောင်းသည်။တကယ်လို့ သူမခြေထောက်တွေနဲ့ သူ့မျက်နှာပေါ်မကန်ခဲ့ဘူးဆိုရင် သူမ၏အပြစ်ကင်းပြီး ချစ်စရာကောင်းသည့် အမူအရာလေးက သူ့ကိုပိုလို့တောင်ဆွဲဆောင်နိုင်လိမ့်ဦးမယ်။
လုကျွင်းဟန်က အသက်ပြင်းပြင်းရှူလိုက်ပြီး အိပ်ယာပေါ်မှထကာ ဒီအရှုပ်ထုပ်ကိုဆွဲပြီး ငါးကန်ထဲပစ်ချချင်သည့် စိတ်ကိုထိန်းချုပ်နေရသည်။သူ၏ခန့်ညားလှသော မျက်ခုံးတွေကတော့ အိပ်ရေးမဝတာကြောင့် ဒေါသတွေနှင့် ပြည့်နေတော့သည်။"ဘာလဲ?ရေချိုးခန်းကို ထပ်သွားချင်ပြန်ပြီလား?"
"မဟုတ်ပါဘူး!"လုလီလေးက သူကို စိတ်ပူစွာဖြင့်ပြောပြသည်။
"သမီး ကောကောငိုနေတာကိုကြားလိုက်တယ်။ကောကောက ဆိုးဆိုးရွားရွားကို ငိုနေတာ။လီလီ ကောကောကို သွားရှာမလို့..."
"ချီးကိုပဲ သွားရှာနေလိုက်..."
သူမပြောလို့ မပြီးသေးခင်မှာဘဲ ကြမ်းတမ်းပြီး စိတ်မရှည်သောဖေဖေရဲ့ အိပ်ယာထဲပြန်ပစ်ထည့်ခြင်းကိုခံလိုက်ရသည်။
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.