128

2K 253 8
                                    


Chapter 128 : Let Pei Xiubai answer the phone

ဒါပေမယ့် အခုအချိန်သူမဖက်မှာ ဘာဖြစ်နေလဲဆိုတာ မရှင်းလင်းတာကြောင့်  လုကျွင်းဟန်က အေးစက်စွာ ပြောလိုက်သည်။

"Pei Xiubai ကိုဖုန်းဖြေခိုင်းလိုက်"

"ဖေဖေ့!"ကလေးမလေးက သူမအဖေ၏ အသံကိုကြားတော့ ပျော်ရွှင်သွားပေမယ့် သူပြောတာကိုကြားတော့ ပါးလေးကိုဖောင်းရင်း မကျေမနပ်ဖြစ်နေသည်။

"ဘာလို့လဲ ဖေဖေကလီလီနဲ့ စကားမပြောချင်ဘူးလား?လာတာနဲ့ ကိုကိုXiubai ကိုရှာတော့တာပဲ သူများစိတ်ဆိုးတတ်တယ်နော်"

"ပြဿနာမရှာနဲ့ နာခံမှုရှိစမ်း"

သူမဖုန်းကို ဘယ်ကရသလဲ လုကျွင်းဟန်မသိသလို ဘယ်လောက်ကြာကြာပြောနိုင်မလဲ ဆိုတာလည်းမသိတာကြောင့် အကန့်သတ်ရှိတဲ့အချိန်အတွင်းမှာ သူတတ်နိုင်သလောက် သတင်းအချက်အလက်တွေ ရယူရမယ်။ပြီးတော့ ၃နှစ်သမီးလေးက သိသိသာသာကို ထုတ်ဖော်ပြတတ်မှာမဟုတ်ဘူး ဒါကြောင့်သူPei Xiubai နဲ့ဆက်သွယ်ရန်သာ တတ်နိုင်သည်။

"ကောင်းပြီလေ လီလီကနာခံပါတယ် ...."

ဖေဖေ့အသံထဲက လေးနက်နေမှုကို သူမကြားတာကြောင့် ကလေးမလေးက ပြဿနာရှာနေတာကို ရပ်လိုက်တယ်။ဒါပေမယ့် သူမရဲ့အသံလေးက တိုးကျသွားပြီး အလွန့်ကို ဝမ်းနည်းနေပုံပေါ်သည်။သိသိသာသာကိုပဲ ကလေးမလေးက မနာလိုဝန်တိုနေတာဖြစ်ပြီး သူမလေး၏အသံက ချဉ်တူးပြီး မပျော်မရွှင်ဖြစ်နေသည်။ပြီးတော့ နားထောင်နေသူတွေရဲ့ နှလုံးသားလေးတွေကိုပါ အပါဆွဲခေါ်သွားတော့သည်။

စုန့်ချင်းဝမ်က ဒါကိုခံနိုင်ရည်မရှိပေ။
"လီလီ ဝမ်းမနည်းပါနဲ့ သမီးအဖေကဒီလိုဆိုလိုတာ မဟုတ်ပါဘူး"

နောက်တစ်စက္ကန့်အကြာမှာပဲ ကလေးမလေး၏ အဝေးနေရာသို့ ဝူးဝူးဝါးဝါးအော်နေသံကို ဖုန်းတစ်ဖက်မှကြားလိုက်သည်။

"ကိုကိုXiubai ရေ ဖေဖေကလီလီ့ကို မလိုချင်တော့ဘူး,ကိုကိုနဲ့ပဲ ပြောချင်တာတဲ့!သူ့ကိုမပြောနဲ့ စိတ်ဆိုးပါလေ့စေ!ဟွန့်!"

လုကျွင်းဟန် : "..."

စုန့်ချင်းဝမ် : "..."

အဖေအိုကြီး : "..."

I Become The Villain's Own Daughter 《 Myanmar translation 》Donde viven las historias. Descúbrelo ahora