Chapter 14
ခနနေပါဦး!
သခင်မ , သခင်မရဲ့ စည်းမျဉ်းတွေ ဘယ်မှာလဲ!!!
"တကယ်လား??"လုလီက မျက်လုံးလေးတွေကိုပိင့်လိုက်ပြီး သူမ၏ ဖြူဖွေးနေသည့် ပါးဖောင်းဖောင်းလေးတွေက အလွန်ချစ်စရာကောင်းသည်။သူမက ပြင်းပြင်းထန်ထန်ကို ကတိပေးလာခဲ့သည်။
"အန်တီ, သမီးတကယ်ကိုလိမ်မပြောပါဘူး။ဒါက တကယ်ကြီးကို အရသာရှိတာ"
သူမ၏ပျော်ရွင်နေတဲ့ အကြည့်ကြောင့် စုန့်ချင်ဝမ်ရဲ့ပါးစပ်က တွန့်သွားပြီး နှလုံးသားမှာတော့ရှုပ်ထွေးနေသည်။
"ကောင်းပြီလေ , အန်တီစားကြည့်ပါရစေဦး"
သူမ ကိတ်ပေါ်က creamကိုခနလောက် မြည်းကြည့်လိုက်သည်။အဲ့တာက အရမ်းကိုချောကျိကျိဖြစ်နေပြီး ထူတယ် ချိုတယ်။အရသာက အရမ်းကောင်းနေတာကြီး မဟုတ်ပေ ။ဒါပေမယ့် မပြောမိအောင် တားမြစ်လိုက်ရပြီး မျက်လုံးဖွင့် ကာ အဓိပ္ပါယ်မရှိတာကိုပြောလိုက်ရသည်။
"အင်းအဲ့တာက အရသာရှိတယ်"
"အွန်း" ကလေးမလေးကပျော်ရွှင်နေပြီး ပြုံးနေတာများ မျက်လုံးထဲကနေ အလင်းရောင်တွေတောင် ထွက်နေသည်။
"အန်တီ, သမီးအန်တီ့ကို လိမ်မပြောပါဘူး"
သူမပေးတဲ့ကိတ်က အရာသာမရှိတာ မဟုတ်ပေမယ့် သူမပေးနိုင်တဲ့ အကောင်းဆုံးအရာဖြစ်သည်။ဒီလောက်သိတတ်ပြီး အပြစ်ကင်းတဲ့ မိန်းကလေးကို ဘယ်သူကမနှစ်သက်ပဲနေမှာလဲ။
လုလီရဲ့ ပျော်ရွှင်နေပုံကြောင့် အကူညီမဲ့စွာနဲ့ပဲ သူမရဲ့ ပါးအိအိလေးကို ဆိတ်ဆွဲမိပြန်သည်။
လုလီက သူမကိုထပ်ကျွေးချင်နေသေးတာကြောင့် သူမလိမ်ရပြန်သည်။သူမ ညစာကို အများကြီး စားလာမိတာကြောင့် ထပ်မစားနိုင်တာ့ကြောင်းပြောတော့ သူမကယုံကြည်သွားသည်။
သူမရဲ့ ပါးစပ်သေးသေးလေးတွေနှင့် ကိတ်မုန့်အပိုင်းအကြီးကြီးကို တစ်ကိုက်ထဲကိုက်ပြီး တအိအိနှင့် စားလိုက်သည်မှာ မျက်နှာတစ်ခုလုံး cream များဖြင့် ဖုံးကာ ကြောင်ငယ်လေးနှင့်တူနေသည်။
YOU ARE READING
I Become The Villain's Own Daughter 《 Myanmar translation 》
RomanceThe story is not mine. It's just a translation. All credit goes to the original author.