130

2.4K 172 9
                                    


Chapter 130 : Stupid


သူ့ကံတရားရဲ့စီရင်မှုက မျက်စိရှေ့မှာ ရှိနေမှတော့ ဘာမှအရေးမကြီးတော့ဘူး။စပ်ဆုတ်ဖွယ်လူက ကြောက်လန့်တာကြောင့် သေးထွက်ကျမလိုပင်ဖြစ်နေပြီ။Pei Xiubai ဘာမှမပြေါရသေးခင်မှာပဲ သူအလျှင်အမြန်ပဲ တိုက်ရိုက်ပြောချလိုက်သည်။


"အဲ့လူက မိန်းမတစ်ယောက်ပဲအတိအကျကို မိန်းမတစ်ယောက်ပဲ!"


"သူမ အသံပြောင်းကိရိယာကို သုံးပြီး ယောက်ျားဟန်ဆောင်ခဲ့တယ်ဆိုပေမယ့်လည်း ငါအရင်ကယောကျာ်းတွေရဲ့အသံအကြောင်းလေ့လာဖူးတယ်၊သူမအသံက လုံးဝဟုတ်မနေဘူး!သေချာသွားတာက တစ်ခါငါသူမဆီဆက်သွယ်တုန်းက သူမအသံအစစ်ကို ကြားလိုက်ရတယ်"


"အဲ့တာက မိန်းမတစ်ယောက်ပဲ ပြီးတော့အရမ်းငယ်သေးတယ်။ဖြစ်နိုင်တာ အသက်၂၀ကျော်လောက်ပဲရှိဦးမယ်!ငါကြားတာ မမှားဘူး!"


သူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှာ အရေးအကြီးဆုံးအရာက အမြင်နဲ့အကြားပဲ ပြီးတော့လူကိုမှတ်တဲ့စွမ်းဆောင်ရည်ကောပဲ။ကုန်ကုန်ပြောရရင် သူတို့ညီအကိုတွေထဲ ဖုန်းကွယ်ထားတဲ့ရဲအေးဂျင့်တွေရှိနေရင် သူတို့ဒီနေ့အထိ အသက်ရှင်နိုင်ဦးမလား?ဒါကြောင့် အသံနားထောင်ပြီး အသက်ကိုမှန်းတဲ့စွမ်းရည်လောက်ကတော့ လွန်ခဲ့တဲ့နှစ်တွေထဲက သူတို့လွတ်မြောက်ရှင်သန်ဖို့အတွက် လေ့ကျင့်ခဲ့ပြီးသားပင်!

"မိန်းမလား?"


လူငယ်လေး၏ မျက်လုံးတွေက နက်ရှိင်းသွားကာ အတွေးတစ်စက သူ့မျက်လုံးထဲ ရောင်ပြန်လို့သွားသည်။
"ဘယ်လို အမျိုးသမီးလဲ?"


"ငါ..ငါထပ်ပြီးမသိတော့ဘူး" စပ်ဆုတ်ဖွယ်လူက တံတွေးမျိုချလိုက်ပြီး သတိရှိစွာနှင့်ပြောသည်။


"ပြီးတော့ အဲ့မိန်းမက ခုခံမှုအရမ်းမြင့်တယ်။သူမက ငါတို့ကိုအမိန့်နာခံဖို့ပဲခွင့်ပြုပြီး အခြားအကြောင်းအရာတွေကို မေးခွင့်မပြုထားဘူး။ငါတို့ညီအစ်ကိုတွေလဲ တွေးပြီးပြီ။ဘယ်လိုပဲဖြစ်ဖြစ် ငါတို့လည်းငါတို့အလိုရှိတာကို ရတယ်လေ။ငါတို့ရဲ့အတိတ်က ပြစ်မှုသက်သေခံတွေကို ဖယ်ရှားနိုင်သ၍ ဘယ်သူဘာပဲတောင်းဆိုဆို ငါတို့ဂရုမစိုက်ဘူး"


You've reached the end of published parts.

⏰ Last updated: Nov 02, 2023 ⏰

Add this story to your Library to get notified about new parts!

I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now