52.

4.5K 734 8
                                    

Chapter 52:Lili will fish

လူအိုကြီးက 'ဟွန့်' အကြီးကြီးတစ်ခုကိုသာပေးလိုက်ရင်း ကလေးမလေးကို ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"ရည်ရွယ်ချက်ကောင်းရှိတယ်ဟုတ်လား?ဟွန့်....ငါထင်တာတော့ မိန်းကလေးတွေက အသုံးမဝင်ဘူးလို့ပြောလိုက်လို့ ငါ့ကိုတမင်တကာ အရူးလုပ်ချင်တာနေမှာပေါ့"

"အဖေ လီလီက တကယ်....မဟုတ်..."

"ကောင်းပြီ"လူအိုကြီးက လက်ကိုဝေ့ရမ်းလိုက်ရင်း သူမကိုနှောက်ယှက်လိုက်သည်။

"ငါ့မှာ မျက်လုံးတွေရှိတယ်။ငါ့ ဘာသာငါ ကြည့်နိုင်တယ်"

တကယ်လို့ သူမသာ ပုန်ကန်ဖို့ မကြောက်ဘူးဆိုရင် အမြဲလိုလို စိတ်တိုလွယ်တဲ့ စုန့်ချင်းဝမ် တကယ်ပဲ ကျိန်ဆဲလိုက်ချင်ပါသည်။

တကယ်ပဲ ချီးလိုမျက်လုံးတွေ!!!

ဒီလောက်ချစ်စရာကောင်းပြီး လိမ်မာယဉ်ကျေးတဲ့ ကလေးကိုမမြင်ဘဲ သူ့မှာ****မျက်လုံးတွေရှိနေသေးတယ်လို့ ပြောရဲသေးတယ်။ဒါပေမယ့် သူ,မကြားနိုင်မှန်း စုန့်ချင်းဝမ်သိပါသည်။လူအိုကြီးက ရှေးရိုးဆန်ပြီး မိန်းကလေးကို မျက်နှာသာပေးတာကို မနှစ်သက်ပေ။လူတွေက ရိုင်းစိုင်းပြီး လောဘကြီး၏။သူတို့၏ မျက်လုံးထဲတွင် မိသားစုနဲ့ပျော်ရွင်ဖို့ရာအသာထား အာဏာက အရင်လာသည်။အမှန်အတိုင်းပြောရရင် အချင်းချင်းညှိနှိုင်းမှုတွေတောင်မရှိဘဲ နှလုံးသားမရှိသည့် စက်ရုပ်နှင့် မခြားနားချေ....

သူ၏ဇနီး Wen Wanwan ဆုံးပါးခဲ့တုန်းက ငါးနှစ်အရွယ်အကိုကြီးက သူ့အမေ၏ခွဲခွာသွားခြင်းကြောင့် ကျယ်ကျယ်လောင်လောင်ငိုနေခဲ့သော်လည်း သူကတော့ မဟုတ်ပေ။သူ့မျက်လုံးထဲမှာ အလုပ်ပဲရှိပြီး ရက်စက်ပြီးရင်းသာ ရက်စက်နေတော့သည်။သူနှင့်နှစ်အတော်တာအတူရှိနေပြီး သူ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သည့် Liu Huilan တောင်မှ သူ့အရိုးထဲက အကြင်နာမဲ့မှုများကိုသာ ရရှိခဲ့သည်။

အစတုန်းက Liu Huilan ကိုပိုက်ဆံနှင့် ဖြေရှင်းချင်တာဖြစ်ပြီး သူ့သွေးသားကို မမွေးပေးခဲ့လျှင် လုအိမ်တော်၏အရိပ်ကိုတောင် နင်းခွင့်ရှိမည်မဟုတ်ပေ။သို့သော်လည်း အိမ်တော်တွင်းဝင်ခွင့်ရတာတောင်မှ အသုံးမဝင်ဆဲဖြစ်သည်။လူအိုကြီးက သူမကိုဂရုပင်မစိုက်ဘဲအိမ်တော်၌အစေခံသာသာ  သာဖြစ်နေတော့သည်။လူအိုကြီး၏ မျက်လုံးထဲကို ဝင်နိုင်သည့် တစ်ဦးတည်းသောသူမှာ လုကျွင်းဟန်ဖြစ်ပြီး အဓိကကတော့ သူက ယောကျာ်းလေးဖြစ်ကာ အိမ်တော်၏ ဦးဆောင်နေသူဖြစ်တာကြောင့်ပင်။သူကလုအိမ်တော်၏ အမွေရာထူးကို ဆက်ခံနိုင်တဲ့သူဖြစ်ပြီး လူအိုကြီးထံမှ အနည်းငယ် အလေးပေးဆက်ဆံမှုကို ခံရသူသည်။

I Become The Villain's Own Daughter 《 Myanmar translation 》Onde histórias criam vida. Descubra agora