Chapter 4: Take her away
ကလေးမလေးကထွက်သွားဖို့ အဆင်သင့်ဖြစ်နေချိန်မှာ သူမပြောတာကို မယုံကြည်တာကိုမြင်တော့ သူမစိတ်မလျှော့နိုင်တော့ပါဘူး။
သူမ၏ကြီးမားလှတဲ့ မျက်လုံးတွေဟာ ရေတွေနဲ့ပြည့်လာပြီး မြင်ရတာ တကယ့်ကို သနားစရာဖြစ်နေသည်။"သမီးက ဖေဖေ့သမီးအဖြစ် အကြိမ်ပေါင်း များစွာ ပြန်မွေးဖွားလာတာ ဘယ်လိုလုပ်မှားနိုင်မှာလဲ။ဖေဖေက သမီးအဖေပဲ ဟာကို!!"
အကြိမ်ပေါင်းများစွာ ပစ်ထုတ်လာပြီးနောက်မှာတော့.....(အရှေ့က ကလေးတွေတိုင်းကို ပစ်ထုတ်ခဲ့တာကို ဆိုလိုတာ)
လုကျွင်းဟန်က သူ့မျက်လုံးကို ပင့်လိုက်ပြီးလှောင်ရယ်လိုက်သည်။ဒီကလေးက ရုပ်ဆိုးလွန်းတဲ့အပြင် တုံးကလဲတုံးသေးတယ်။
"ဖေဖေ သမီးကိုယုံပါ"
ကလေးမလေးရဲ့ အနက်ရောင် မျက်လုံးတွေထဲမှာ မျက်ရည်တွေနဲ့ ပြည့်နေပြီး သူမရဲ့ ပါးလေးတွေကလဲ မောပန်းမှုကြောင့် ဟောဟဲလိုက်နေသည်။မျက်နှာလေးကလဲ နစ်နာသွားသလို မကျေမနပ်ဖြစ်နေခဲ့သည်။သူမကိုကြည့်လိုက်မိတဲ့လူတိုင်းဟာ ချစ်ဖို့ကောင်းလိုက်တာဟုတွေးမိကြမှာပင်။ထို့နောက်သူမက အသံတိုးတိုးလေးနှင့်ပြောလာခဲ့သည်။
""သမီးမလိမ်ပါဘူး။ ဖေဖေက တကယ်ပဲ လီလီရဲ့အဖေပါ"
လုကျွင်းဟန် သူမရဲ့ သနားစရာ နစ်နာနေတဲ့ပုံလေးကိုကြည့်ပြီးနောက် အိမ်ယာမဲ့ကြောင်ဖြူလေးတစ်ကောင်ကိုမြင်နေရသလိုပင် အိပ်နေတုန်း တစ်ခုခုနှင့် ပစ်ပေါက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရသည်။
ဒီခံစားချက်က အရမ်းကို ထူးဆန်းသည်။သူ့မျက်ခုံးတွေ တွန့်သွားပြီး ပါးလွှာတဲ့ နှုတ်ခမ်းလွှာကို ရှုံ့လိုက်သည်။ဘာအကြောင်းမှ မရှိပဲ သူ အနည်းငယ် ကသိကအောက် ဖြစ်သွားရသည်။သူ သူမကိုငိုနေတာရပ်ဖို့ပြောချင်သည်။ သူမ ငိုနေတာ အရမ်းကို ရုပ်ဆိုးလွန်းသည်။
သူ ဘာမှမပြောရသေးခင်မှာပဲ သူမငိုတာကိုရပ်ကာ နှာရှုပ်လိုက်ပြီး တစ်ဖန် အားတက်လာပြန်သည်။လိုလီတာလေးက သူထင်ထားတာထက် ပိုပြီး သန်မာပုံရသည်။
ŞİMDİ OKUDUĞUN
I Become The Villain's Own Daughter 《 Myanmar translation 》
RomantizmThe story is not mine. It's just a translation. All credit goes to the original author.