84.

3.7K 695 15
                                    

Chapter 84: Is simply inappropriate


Lu Tianhua နှင့် Chen Susu ကတော့ အခုချိန်ထိ ဆင်းမလာသေးပေ။ဖြစ်နိုင်တာက သူတို့နှစ်ယောက်လုံး မနေ့ကရေကန်ထဲပစ်ချခံခဲ့ရတဲ့ အမှန်တရားကို မမေ့နိုင်သေးလို့ ဖြစ်မှာပေါ့။သူတို့နှစ်ယောက်လုံး လူအိုကြီးဆီသွားပြီး ကွန်ပလိန်းတက်ခဲ့ပေမယ့်လည်း လူအိုကြီးဆီက လစ်လျူရှုတာကို ခံလိုက်ရတယ်လေသည်။သူတို့နဲနဲနစ်နာသလို ခံစားရတာကတော့ မလွဲဧကန်ပဲလေ။ဒါကြောင့် မနက်ကနေအခုချိန်ထိ လူရိပ်တောင်မမြင်ရသေးတာက တိတ်တဆိတ်ဆန္ဒပြနေတာ ဖြစ်မှာပေါ့။

ကလေးမလေး ဆင်းလာတော့လုချီက အရိုးမဲ့လူသားလိုမျိုး ထမင်းစားပွဲကို မှီထားလေသည်။ကြည့်ရတာတော့ စားပွဲကို အိပ်ယာလိုအသုံးပြုနေပုံပေါ်သည်။သူရဲ့
အမည်းရောင် ခေါင်းသေးသေးလေးကို ဖြူဖွေးနူးညံ့သည့် လက်ကလေးတွေနဲ့ထောက်ပံ့ထားရပြီး မျက်လုံးဖွင့်နိုင်ဖို့ ကြိုးစားနေပေမယ့် သူတို့လေးတွေက မပွင့်နိုင်ဖြစ်နေသည်။သူ၏ရှည်လျားသော မျက်တောင်လေးတွေက အောက်စိုက်ကျနေပြီး ခေါင်းလေးက ဆက်ခနဲ ဆက်ခနဲငိုက်ကျနေပုံမှာ ကြက်ကလေးတစ်ကောင် ဆန်စေ့ကောက်နေသကဲ့သို့ ဖြစ်နေသည်။


သူ့ဘေးက စုန့်ချင်းဝမ်ကလည်း အဲ့ဒီထက်ပိုကောင်းမနေပေ။နှေးကွေးလေးလံကာ ပျင်းရိနေပုံပေါ်နေသည်။သူမ၏ ဝိညာဉ်ကဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းမသိပဲ ယခုထိုင်နေတာက အေးစက်နေသည့် အလောင်းကောင်ကြီးဖြစ်နေသကဲ့သို့။လှပအေးစက်နေသည့် မျက်နှာမှာတော့ မျက်တွင်းများချောင်ကျနေပြီး မျက်လုံးထဲမှရက်စက်သည့် အလင်းရောင်ကတော့ နောက်တစ်မိနစ်အတွင်းမှာပဲ လူ့အဖွဲ့အစည်းကြီးကို ပြန်ပေးစပ်ခိုင်းတော့မယ့်ပုံဖြစ်နေသည်။


လုချီနဲ့ ကွဲပြားစွာပဲ စုန့်ချင်းဝမ်က မနက်ခင်းခြောက်နာရီတွင် သူမအဖေ၏ လာနှိုးခြင်းကို ခံလိုက်ရသည်။လွန်ခဲ့တဲ့နှစ်တွေတုံးက လု Group ကြီး တိုးတက်ဖို့အတွက် အစောကြီးထ အလုပ်လုပ်ခဲ့ရသည်။သူမငယ်ရွယ်စဉ်တုန်းက ဆိုတော့ ကျန်းမာရေးလည်း ကောင်းနေဆဲဖြစ်ပြီး ခက်ခက်ခဲခဲ ၊ ကြိုးကြိုးစားစား ရုန်းကန်နိုင်သေးတယ်။


I Become The Villain's Own Daughter 《 Myanmar translation 》Where stories live. Discover now