11.

5.1K 800 10
                                    

Chapter 11

အမှန်တကယ်တမ်း စုန့်ချင်းဝမ်ရဲ့ အေးစက်နေတဲ့ မျက်နှာကိုမြင်လျင် အရွယ်ရောက်ပြီးသားသူတောင်မှ ထိတ်လန့်ကြသည်။ကလေးတစ်ယောက်ဆိုရင်တော့ ပြောရန်ပင်မလိုတော့။

သူမနိုးလာတာကိုမြင်တော့ စုန့်ချင်းဝမ်တိတ်တဆိတ် ဆဲရေးလိုက်မိသည်။လက်ထောက်နဲ့ ကိုယ်ရံတော်တွေရဲ့မျက်နှာကလဲပြိုလဲသွားသည်။

"ပြီးဆုံးသွားပြီ။ဘယ်လိုဖြစ်လို့ ဘိုးဘေးငယ်လေးက ဒီအချိန်မှ နိုးလာရတာလဲ"

သခင်မကိုမြင်ပြီး မငိုတဲ့ကလေးကို သူတို့ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။ပြီးတော့ ငိုနေတဲ့ကလေးတွေကို ချော့မော့ရတာက တကယ်ကို ခေါင်းကိုက်စေသည်။

သို့သော်လည်း , မမျှော်လင့်ထားပဲ ကလေးမလေးက နိုးလာပြီး သူတို့ကိုမြင်သွားခဲ့ပြီ။သူမကမငိုဘဲ ခနလောက်အေးခဲသွားသည်။ထို့နောက်သူမရဲ့မျက်လုံးတွေကို ခတ်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာနှင့်မေးလိုက်သည်။

"ဦးလေးနဲ့ အန်တီတို့ လမ်းပျောက်နေတာလားဟင်"

သူမနားလည်ပေးနိုင်ပါတယ်။ဖေဖေ့ အိမ်ကတကယ်ကိုကြီးလွန်းတာကို..

စုန်ချင်းဝမ်က အနည်းငယ် အံ့ဩသွားတယ်။သူမကိုမြင်ပြီး ကြောက်လန့် မသွားတဲ့ကလေးကို ပထမဆုံးမြင်ဖူးတာ ဖြစ်သည်။

"အသေးလေး မင်းတို့ကိုမကြောက်ဘူးလား"စုန့်ချင်းဝမ်က တမင်တကာ မျက်နှာကိုတည်လိုက်ရင်း သူမကိုခြောက်လိုက်သည်။

နောက်စက္ကန့်အနည်းငယ်မှာပဲ လိုလီတာလေးရဲ့ ကြီးမားပြီး ကြည်လင်နေတဲ့ မျက်ဝန်းလေးတွေကိုတွေ့လိုက်ရသည်။ရုတ်တရက် မထိန်းနိုင်ဘဲ သူမရဲ့ပြည့်ဖောင်းနေတဲ့ မျက်နှာလေးကို ထိလိုက်မိသည်။

သူမထင်မှတ်ထားတဲ့အတိုင်း အသားရေလေးက အလွန်ချောမွေ့နေသည်။ဂျယ်လီလေးလိုနူးညံ့နေပြီး အားအနဲငယ် ထည့်လိုက်တာနဲ့ကျိုးပဲ့သွားတော့မလိုပင်။အဲ့တာက အရမ်းကို ထိလို့ကောင်းသည်။

"ကြောက်တာ??"လုလီက ခနလောက် မျက်မှောင်ကြုတ်လိုက်ပြီးပြောလာသည်။
"အန်တီက ဒီလောက်လှတာ ဘာလို့ သမီးကကြောက်ရမှာလဲ"

I Become The Villain's Own Daughter 《 Myanmar translation 》Dove le storie prendono vita. Scoprilo ora