Chapter - 1

9.6K 449 6
                                    

Unicode

၁၆၀၉။ နံပါတ်ကအတည်
__________________

စားသောက်ဆိုင်ရဲ့ဟင်းလျာတွေက အတော်လေးအရသာရှိပြီး စားနေရင်းနှင့် စွမ်းအင်နည်းနည်းက သူမဝိဉာဉ်ဆီစီးဆင်းလာတာကိုလည်း သူမ ခံစားလိုက်ရသည်။ ဒါက ဒီအစားအသောက်တွေမှာပါတဲ့စွမ်းအင်ဖြစ်လောက်သည်။

ဒီဟင်းလျာတွေကို ဘာပါဝင်ပစ္စည်းတွေနဲ့လုပ်ထားတာလဲသိချင်မိသား။ အသားက အသားအရသာနဲ့လုံးဝတူပြီး ဟင်းခတ်မှုန့်တွေစုံစုံလင်လင်ပါတာမို့ အရမ်းအရသာရှိတယ်။

ဒါက သူမရဲ့အာသီသကို လုံးဝပြေစေတယ်။

နဉ်ရှု ပျော်ပျော်ကြီးပွဲတော်တည်နေတုန်းမှာပင် လူတစ်ယောက်က သူမနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာသည်။ နဉ်ရှုက မော့ကြည့်လိုက်ပြီး ထိုသူက မရင်းနှီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရ၏။

"ဟယ်လို။"

နဉ်ရှုက အနှီအမျိုးသမီးကိုနှုတ်ဆက်လိုက်သည်။ သူမက အတော်လေးလှပြီး စိတ်ထားကောင်းပုံရသည်။

မိန်ကျီချင်းက နဉ်ရှုကိုအကဲခတ်ကာမေးလာသည်။

"နင်က အဆင့်မြင့်တာဝန်ထမ်းဆောင်သူလား?"

"အာ၊ မဟုတ်ပါဘူး။"

နဉ်ရှုကပြောသည်။

မိန်ကျီချင်းက အံ့ဩတကြီးမျက်ခုံးပင့်သည်။

"နင့်ဝိဉာဉ်က အတော်လေးကြံ့ခိုင်တယ်ရော၊ ဒါကြောင့် နင်က အဆင်မြင့်တာဝန်ထမ်းဆောင်သူလို့ ငါထင်လိုက်တာ။ ငါ့မှာ အဆင့်မြင့်တာဝန်တစ်ခုလုပ်စရာရှိနေပြီး နင့်ကို အဖွဲ့ထဲဖိတ်ချင်လို့လေ။"

အဖွဲ့တာဝန်? သောက်ရမ်းအဆင့်မြင့်တာပဲ!

နဉ်ရှုကပြောသည်။

"ငါက အလယ်တန်းအဆင့်တာဝန်ထမ်းဆောင်သူပါ။"

သူမ အဆင့်မြင့်တာဝန်ထမ်းဆောင်သူဖြစ်မလာခင် သွားရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်။

ဝမ်းနည်းလိုက်တာ။

"ဒီလိုဆို နင့်ကိုနှောင့်ယှက်မိတာ စိတ်မကောင်းပါဘူး။"

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now