Chapter - 58

1.1K 161 2
                                    

Unicode

၁၆၆၆။ သင်္ချိုင်းကိုခြေတစ်ဖက်လှမ်းနေပြီ
________________________________

ဆေးရုံက ယန်ယွီဟွေ့ကို ဆေးရုံစရိတ်တွေပေးဖို့ သတိထပ်ပေးလာချိန်မှာတော့ ယန်ယွီဟွေ့က ဆေးရုံကနေထွက်သွားကာ တရုတ်ကိုပြန်လာသည်။

သို့သော်ငြား သူ့မှာ ပိုက်ဆံသိပ်မကျန်တော့ပေ။

နဉ်ရှုက ယန်ယွီဟွေ့ရဲ့စိတ်ဓာတ်ကျစရာပုံရိပ်ကို နောက်ကနေကြည့်နေသည်။ အရင်တုန်းက ယန်ယွီဟွေ့မှာ လေးလံထိုင်းမှိုင်း‌တဲ့ရောင်ဝါရှိသည်။ သူက နှစ်ပေါင်းအတော်ကြာအောင်ရှင်သန်ပြီးပြီဖြစ်သည်လေ။

အရင်တုန်းက ယန်ယွီဟွေ့အောင်မြင်ချိန်မှာ အဲ့ရောင်ဝါက ရင့်ကျက်တည်ငြိမ်သလိုခံစားရစေပေမယ့် အခု သူ နိမ့်ကျနေချိန်မှာတော့ သူက သင်္ချိုင်းကိုခြေတစ်ဖက်လှမ်းနေတဲ့သူနဲ့တူသည်။

နောက်ကနေကြည့်ရင်း ယန်ယွီဟွေ့က အသက်ခြောက်ဆယ်ရှိနေပြီဖြစ်တဲ့လူအိုကြီးတစ်ယောက်နဲ့တူတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။

အခု ယန်ယွီဟွေ့ဘယ်မှာနေလဲသိရပြီမို နဉ်ရှု စိတ်သက်သာရာရသွားသည်။ သူမ သူ့ကိုရှာဖို့ ကမ္ဘာပတ်စရာမလိုတော့ဘူး။

ဒါပေမယ့် ယန်ယွီဟွေ့က ဘာလို့ဝှီးချဲလ်ပေါ်မှာရှိနေတာလဲ? သူ့လက်တွေမှာ ပြဿနာလေးနည်းနည်းရှိနိုင်ပေမယ့် သူ့ခြေထောက်တွေကအကောင်းကြီးဟာကို အခု ဘာလို့ သူ ဝှီးချဲလ်ပေါ်ရောက်နေရတာတုန်း?

လီရှင်းကျယ်က သူမကို စားသောက်ဆိုင်မှာစောင့်နေသေးတာကိုသတိရသွားပြီး နဉ်ရှု ပြန်ပြေးသွားသည်။ သူမက စားသောက်ဆိုင်တံခါးထိတစ်လမ်းလုံးပြေးလာပြီးမှ သူမရဲ့ခြေဖဝါးမှာကပ်နေတဲ့ဖုန်တွေကိုခါကာ ဒေါက်ဖိနပ်ပြန်စီးသည်။ ထို့နောက်ညသူမက စားသောက်ဆိုင်တံခါးကိုတွန်းဖွင့်လိုက်၏။

သို့သော်ငြား လီရှင်းကျယ်ရဲ့ခုံကလွတ်နေသည်။ သူမ တစ်ဆိုင်လုံးကိုဝေ့ဝဲကြည့်လိုက်ပေမယ့် လီရှင်းကျယ်ကိုမတွေ့မိပေ။

လီရှင်းကျယ် ပြန်သွားပြီဖြစ်၏။

နဉ်ရှုက သက်ပြင်းချကာ ဖုန်းထုတ်လျက် လီရှင်းကျယ်ဆီလှမ်းဆက်သည်။ သို့သော်ငြား လီရှင်းကျယ်ရဲ့ဖုန်းက စက်ပိတ်ထားပြီး သူမဖုန်းဆက်တာမရပေ။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now