Chapter - 14

1.9K 296 2
                                    

Unicode

၁၆၂၂။ သီချင်းရေးတဲ့သူက ယန်ယွီဟွေ့?
______________________

နဉ်ရှုကား ယန်ယွီဟွေ့ရဲ့ကွန်ပျူတာကိုhackဖို့ အားကြိုးမာန်တက်ကြိုးစားနေတုန်းရှိသေးသည်။ သို့သော်ငြား ဘယ်လိုပဲလုပ်လုပ် မဝင်နိုင်တာမို့ လောလောဆယ်လက်လျှော့ထားရုံသာတတ်နိုင်သည်။

"ငါကြိုက်တဲ့အဆိုတော်က ခုတစ်လော သီချင်းကောင်းနည်းနည်းထုတ်ထားတယ်။"

သူမရဲ့အခန်းဖော်တွေထဲကတစ်ယောက်ကပြောသည်။

နဉ်ရှုကမေး၏။

"ဘာသီချင်းတွေလဲ?"

သူမရဲ့အခန်းဖော်က နဉ်ရှုကို သီချင်းနာမည်တွေပြောပြသည်။ နဉ်ရှုက သီချင်းကို အွန်လိုင်းပေါ်မှာရှာလိုက်ပြီး အဲ့သီချင်းက အပြိုင်ကမ္ဘာကသီချင်းဆိုတာသိသွားသည်။ အဲ့သီချင်းကိုဆိုတဲ့လူကပြောင်းသွားတာသာရှိသည်။

နဉ်ရှုက သီချင်းရဲ့အချက်အလက်တွေကိုကြည့်လိုက်သည်။ သီချင်းရေးသူကို ယန်ယွီဟွေ့လို့နာမည်တပ်ထားသည်။

"ဟ? ယန်ယွီဟွေ့? သီချင်းရေးတဲ့သူက ယန်ယွီဟွေ့လား?"

ဖန်းမုန့်ဟန်က ဖုန်းကိုကြည့်ရင်း အံ့ဩတကြီးရေရွတ်သည်။ ထို့နောက် သူမက နဉ်ရှုကိုမေး၏။

"ဒီယန်ယွီဟွေ့က နင့်ကိုချစ်ခွင့်ပန်ခဲ့တဲ့ရုပ်ရှင်ရိုက်ကူးရေးဌာနကတစ်ယောက်နဲ့အတူတူပဲလား?"

"မသိဘူးလေ။"

ဖန်းမုန့်ဟန်ရဲ့ဦးနှောက်အစိတ်အပိုင်းတွေလည်ပတ်သွားတော့သည်။ ဖုန်းထဲကထွက်လာတဲ့အ‌ဆိုတော်ရဲ့အသံကိုနားထောင်ရင်း ဒီလူက သူမတွေးနေတဲ့ယန်ယွီဟွေ့နဲ့အတူတူဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကိုစုံစမ်းဖို့ သူမဆုံးဖြတ်လိုက်သည်။

အခုလေးတင်ထွက်လာတဲ့သီချင်းက အတော်လေးလူကြိုက်များသည်။ ယန်ယွီဟွေ့ဆိုတဲ့သီချင်းရေးသူနာမည်ကလည်း ကျောင်းသားတွေရဲ့အာရုံကိုဆွဲဆောင်လိုက်သည်။

အထူးသဖြင့် ယန်ယွီဟွေ့ကိုသိကြတဲ့လူတွေက သူက အကောင်ကြီးကြီးဖြစ်ရမယ်လို့ထင်ကြသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now