Unicode
၁၆၅၁။ ယန်ယွီဟွေ့ပစ္စည်းအလုခံရလိုက်ရတယ်
_____________________နဉ်ရှုက အဆောင်ထဲတိတ်တိတ်လေးဝင်လာသည်။ သူမက မီးမဖွင့်ဘဲ ရေချိုးခန်းထဲတန်းဝင်သွားကာ ရေချိုးသန့်စင်လိုက်သည်။ သူမက အဝတ်ညစ်တွေကိုလည်းလျှော်၏။
"ချန်ကျန်းနန်၊ နင် ရူးနေလား? ညတိုင်း လက်ပ်တော့ပ်ကြည့်ရင်ကြည့်၊ မကြည့်လည်း အဝတ်တွေလျှော်နေတယ်။ နင် မနားတော့ဘူးလား?"
ဖန်းမုန့်ဟန်က ဒေါသတကြီးဆိုသည်။
"နင် ငါ့ကို အိပ်ခွင့်ပေးလို့မရဘူးလား?"
နဉ်ရှုက ဖန်းမုန့်ဟန်ကိုလျစ်လျူရှုကာ အဝတ်တွေခြောက်သွားစေဖို့အတွက် လေသာဆောင်မှာလှန်းလိုက်သည်။ ထို့နောက် သူမက ဆံပင်မှုတ်စက်နဲ့သူမဆံပင်တွေခြောက်သွားအောင်မှုတ်သည်။
"ချန်ကျန်းနန်၊ နင် တမင်လုပ်နေတာလား?"
ဖန်းမုန့်ဟန်က ခန်းဆီးစတွေကိုဆွဲဖယ်လိုက်ရင်းအော်သည်။ သူမရဲ့မျက်နှာအမူအရာက အတော်လေးကြည့်ရဆိုး၏။
"ဆံပင်စိုနေရင် ငါ အိပ်လို့မရဘူး။"
နဉ်ရီုက သူမဆံပင်တွေမခြောက်တခြောက်ဖြစ်သွားအောင်လုပ်ပြီးနောက် ကုတင်ပေါ်မှာတင်ပျဉ်ခွေထိုင်ကာကျင့်ကြံနေလိုက်သည်။
သိပ်မကြာခင်မှာပင် နဉ်ရှုတစ်ယောက် ကျင့်ကြံရက်းအိပ်ပျော်သွားတော့၏။
တစ်ဖက်မှာတော့ ယန်ယွီဟွေ့တစ်ယောက် ပစ္စည်းအလုခံလိုက်ရကာ လမ်းကြားလေးထဲမှာတစ်ညလုံးနေလိုက်ရသည်။
မနက်ခင်း ယန်ယွီဟွေ့နိုးလာချိန်မှာ နေက ကောင်းကင်ထက်မြင့်တက်နေပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံးကိုက်ခဲနေသည်။
ပထမဆုံးအနေနဲ့ သူ သူ့ပါးစပ်ကိုစေ့နေအောင်မပိတ်နိုင်ချေ။ သူ့ပါးစပ်ထောင့်ကနေ တံတွေးတွေအဆက်မပြတ်စီးကျနေပြီး သူ့လည်ပင်းကိုစေးကပ်ကပ်ဖြစ်လာစေ၏။ မနေ့ညကစီးကျထားတဲ့တံတွေးတွေက သူ့အဝတ်တွေမှာပေနေသည်။
သူ့မျက်နှာပေါ်ကို ပုရွက်ဆိတ်တွေတွယ်တက်နေတဲ့အတိုင်း ယားယံနေမှုကို ယန်ယွီဟွေ့ခံစားလိုက်ရသည်။ အရမ်းယားတယ်၊ ပုရွက်ဆိတ်တွေက သူ့နှလုံးပေါ်တွယ်တက်နေတဲ့အတိုင်းပဲ။
YOU ARE READING
Superstar System (Realm-25)[Myanmar Translation]
AdventureName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...