Chapter - 24

1.7K 262 4
                                    

Unicode

၁၆၃၂။ ဒီမျက်နှာလှလှလေးကိုမဖျက်စီးနိုင်
_________________________

နဉ်ရှုက သူတို့ကို အဲ့လိုလုပ်ရတဲ့သူမရဲ့အကြောင်းပြချက်ကိုလည်းပြောပြသည်။

တစ်ဖက်က သူတို့တွေ နဉ်ရှုရဲ့အကြံပေးချက်ကိုလိုက်နာပါ့မယ်ဆိုပြီး ချက်ချင်းစာပြန်လာ၏။

"ဒါဘယ်သူလဲမင်းသိလား?"

လီရှင်းကျယ်က ကွန်ပျူတာကိုကြည့်ရင်း ဝန်ထမ်းတစ်ယောက်ကိုမေးလိုက်သည်။

ဝန်ထမ်းကခေါင်းခါ၏။

"မသိပါဘူး။"

"ဒီလိုအရည်အချင်းရှိတဲ့သူမျိုး ကုမ္ပဏီကိုမလာတာက ငါးကြီးကြီးကိုအလွတ်ခံလိုက်ရတာပဲ။"

လီရှင်းကျယ်ကသက်ပြင်းချသည်။

"သူနဲ့တွေ့ဖို့နည်းလမ်းရှာလိုက်။ မင်း ဘာနည်းလမ်းသုံးသုံးအရေးမကြီးဘူး။"

တစ်ဖက်မှာတော့ နဉ်ရှုတစ်ယောက် ဝတ္ထုတွေရေးနေခဲ့သည်။ သူမက ဂန္တဝင်ဝတ္ထုတချို့ကို စာအုပ်တိုက်တွေဆီပို့ပြီးသားဖြစ်သည်။ အဲ့ဝတ္ထုတွေက အခန်းဆက်အပိုင်းတွေရေးပြီးထုတ်ဝေတဲ့အခါ အတော်လေးကျော်ကြားလာသည်၊ အထူးသဖြင့် ကျင့်ယုံနဲ့ကုလုံတို့ရဲ့သိုင်းဝတ္ထုတွေပင်။

ဒီဝတ္ထုတွေရှိနေပြီးသားဆိုရင် ယန်ယွီဟွေ့က ဒါတွေကိုသူပိုင်တာလို့ပြောလို့ရမှာမဟုတ်တော့ဘူး။ သူ အဲ့လောက်ကြီးတော့အရှက်မမဲ့လောက်ဘူး။

နဉ်ရှုက အင်တာနက်ပေါ်မှာ စာပေတိုက်တွေကိုလိုက်ရှာလိုက်ပြီး လီမိသားစုကုမ္ပဏီမှာလည်း ဖျော်ဖြေရေးသတင်းစာစောင်တချို့ရှိနေတာကိုတွေ့လိုက်ရတာမို့ သူမက စာမူကြမ်းတွေကို သူတို့ဆီပို့လိုက်သည်။

ဥပမာ - ကျင့်ယုံရဲ့ဝတ္ထုတွေက TVဇာတ်လမ်းတွဲတွေအဖြစ် အကြိမ်ရေအများကြီးဖန်တီးခံရသည်။ ဝတ္ထုကို လီမိသားစုရဲ့သတင်းစာစဉ်ကနေတစ်ဆင့်ဖြန့်ချိထုတ်ဝေလိုက်ပါက မူပိုင်ခွင့်သည်လည်း သတင်းစာစဉ်နဲ့အတူရှိနေမည်ဖြစ်၏။

နဉ်ရှုက ထမင်းစားခန်းမှာထမင်းစားတာကလွဲပြီး အချိန်အများစုကို အဆောင်မှာပဲနေရင်းစာမူတွေရေးနေတာနဲ့ကုန်ဆုံးစေသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now