Chapter - 25

1.6K 296 6
                                    

Unicode

၁၆၃၃။ ဝက်ရှေ့ပုလဲထားသလို
___________________

လီကုမ္ပဏီကထုတ်လိုက်တဲ့သီချင်းအယ်လ်ဘမ်တွေက ယန်ယွီဟွေ့ရဲ့နားထင်ကိုသွေးတွေတဒိန်းဒိန်းဆောင့်တိုးလာစေ၏။ ဒီနာမည်ကြီးသီချင်းတွေအကုန်လုံးက တစ်ပုဒ်ပြီးတစ်ပုဒ်ထွက်လာတာ။

ပြီးပြည့်စုံအောင်ကောင်းနေတဲ့သီချင်းတွေက ဝက်ရှေ့ရောက်သွားတဲ့ပုလဲတွေကျလို့။ ဒီသီချင်းတွေက ဒီ့ထက်ပိုတန်နိုင်တာအသိသာကြီးကို။

လီကုမ္ပဏီက ငွေတွေကိုအရူးအမူးသဲ့ယူနေတာကိုမြင်လိုက်ရပြီး လီရှင်းကျယ်ရဲ့ လေကြီးလေကျယ်နိုင်တဲ့ဟန်ပန်ကိုပြန်တွေးမိသွားပြီး ယန်ယွီဟွေ့ အတော်စိတ်ဓာတ်ကျသွားသည်။

လီကုမ္ပဏီမှာလည်း ပြန်မွေးဖွားလာတဲ့သူရှိနေတာလား? သူက သူ့အတွက်သူသိမ်းထားဖို့ကြိုးစားနေတဲ့အရာမှန်သမျှကို တစ်ဖက်လူက တစ်ချက်တည်းနဲ့လူကြားထဲထုတ်ပြလိုက်တယ်။ သူတို့က နည်းနည်းလောက်လေးနောက်ကျသွားမှာကိုတောင်စိုးရိမ်နေတဲ့အတိုင်းပဲ။

တစ်ဖက်လူမှာလည်း ရှာဖွေရေးsystemတစ်ခုရှိတယ်လို့ ယန်ယွီဟွေ့သံသယဝင်နေသည်။ မဟုတ်ရင် သူတို့က ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီးရေးနိုင်မှာလဲ? လူတစ်ယောက်ရဲ့မှတ်ဥာဏ်ကလည်း အကန့်အသတ်ရှိတယ်။

သူကိုယ်တိုင်လည်း ဒါတွေအကုန်လုံးကိုမှတ်မိနိုင်တယ်လို့ ယန်ယွီဟွေ့မပြောရဲချေ။

systemက ထူးခြားပြီးပြိုင်ဘက်ကင်းမနေဘူးဆိုရင် ဒီရွှေလက်ချောင်းက ဘာအသုံးဝင်သေးလို့လဲ?

ယန်ယွီဟွေ့က ‌ကြောက်ဖို့ကောင်းပြီးခက်ထန်တဲ့အမူအရာနဲ့ သတင်းစာကို သူ့ခြေထောက်အောက်မှာနင်းခြေပစ်လိုက်၏။

"မင်းက ဘာကိစ္စ ငါ့သတင်းစာကိုတက်နင်းနေရတာလဲ? ရူးနေပြီ!"

ယန်ယွီဟွေ့ရဲ့အခန်းဖော်က သူ့ကို ဘေးဘက်ဆီတွန်းဖယ်လိုက်ကာ လက်ညှိုးငေါက်ငေါက်ထိုးပြီးအော်သည်။

"ငါ မင်းကိုပြောလိုက်မယ်၊ ငါ မင်းကိုသည်းခံနေတာကြာပြီ! မင်းကိုမင်း အရမ်းထူးချွန်နေတယ်များထင်နေလား?"

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now