Chapter - 22

1.6K 299 17
                                    

Unicode

၁၆၃၀။ သူမ ချန်ကျန်းနန်ရဲ့ကောင်လေးကိုဆုံးရှုံးလိုက်ရပြီလား?
____________________________

ဖန်းမုန့်ဟန်က သူမကိုယ်သူမ ရွှံ့နွံထဲကနေ အစွန်းအထင်းမရှိတိုးထွက်လာတဲ့သန့်စင်တဲ့ကြာပန်းလေးလို့ အမြဲကြွားဝါတတ်သည်။ နဉ်ရှုအမြင်မှာတော့ ဖန်းမုန့်ဟန်က အကျိုးအမြတ်အတွက် ခန္ဓာကိုယ်ကိုရောင်းစားနေခြင်းသာဖြစ်၏။

ယန်ယွီဟွေ့က ဘွဲ့ရပြီးနောက်မှာ မိန်းမတွေနဲ့ပိုပိုတွေ့လာရပြီး အဲ့မိန်းမတွေအားလုံးက ပုံစံမျိုးစုံပင်။

သူက မိန်းမတွေကို တံဆိပ်ခေါင်းစုသလိုမျိုးစုဆောင်းသည်။

နဉ်ရှုက အဆောင်မှာပဲနေ့တိုင်းအခန်းအောင်းနေပြီး ယန်ယွီဟွေ့ကို တစ်ချိန်လုံးအသေအချာစောင့်ကြည့်လျက်ရှိသည်။

နေ့ခင်းရောက်လာချိန်မှာ သူမက လီရှင်းကျယ်ဆီစာတစ်စောင်ပို့လိုက်သော်ငြား လီရှင်းကျယ်က စာမပြန်တာမို့ သူမက ခဏလောက်စဉ်းစားလိုက်ပြီး နောက်တစ်စောင်လှမ်းပို့လိုက်သည်။

အချိန်အတော်ကြာသွား‌တာတောင် ပြန်စာရောက်မလာချေ။

နောက်ကျနေပြီမို့ နဉ်ရှုက ကိုယ်လက်သန့်စင်ကာ ကုတင်ပေါ်တက်လိုက်သည်။ သူမက ပြတင်းပေါက်လိုက်ကာတွေကိုဆွဲပိတ်လိုက်ပြီး ကုတင်ပေါ်မှာထိုင်ကာကျင့်ကြံနေ၏။

သူမက အာရုဏ်တက်ချိန်အထိကျင့်ကြံနေခဲ့သည်။ ထို့နောက် သူမက ကျင့်ကြံနေတာကိုရပ်လိုက်ပြီး ကုတင်ဘေးက သူမဖုန်းကိုယူသည်။ ဖုန်းထဲမှာ စာလေးတစ်စောင်၊ ဖုန်းခေါ်ဆိုမှုတစ်ခုပင်ရှိမနေချေ။

နဉ်ရှု : →_→

အခု ဘာဖြစ်နေတာလဲ? သူမ ချန်ကျန်းနန်ရဲ့ကောင်လေးကိုဆုံးရှုံးလိုက်ရပြီလား?

မူလဇာတ်ကြောင်းမှာ သူမကိုအရမ်းချစ်ပြီး အမှောင်မိုက်ဆုံးအချိန်တွေမှာ သူမကိုအားကိုးခဲ့တဲ့ကောင်လေးကို သူမ ဆုံးရှုံးလိုက်ရပြီလား?

အေးပေါ့လေ။ အခု ချန်ကျန်းနန်က တူမှမတူတော့တာပဲ။ ခန္ဓာကိုယ်က ချန်ကျန်းနန်‌ဖြစ်နေသေးတယ်ဆိုရင်တောင် သူမက ချန်ကျန်းနန်မှမဟုတ်တာ။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now