Chapter - 52

1.1K 161 6
                                    

Unicode

၁၆၆၀။ ညီမ သူတော်စင်တစ်ယောက်ကိုသိတယ်
_________________________

"မသန့်ရှင်းတာတစ်ခုခုက စီနီယာ့ကို ဒီလိုဖြစ်သွားစေတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က စီနီယာ့ကိုကျိန်စာတိုက်ထားတာဖြစ်နိုင်တယ်။ မဟုတ်ရင် ဒီလောက်ဆေးတွေအများကြီးသောက်ပြီးတာတောင် စီနီယာ ဘာလို့မသက်သာဘဲနေမှာလဲ?"

ဖန်းမုန့်ဟန်ကပြောသည်။

"တ-တကယ်လား?"

ယန်ယွီဟွေ့က စိုးရိမ်တကြီးမေးသည်။

"စီနီယာ့ကိုတစ်ယောက်ယောက်ကမုန်းလို့ ကျိန်စာတိုက်တာပဲဖြစ်ဖြစ်၊ မသန့်ရှင်းတာတစ်ခုခုနဲ့ကြုံလာတာပဲဖြစ်ဖြစ်၊ စီနီယာ့အနေနဲ့ ဝိဉာဉ်ရေးရာတွေကိုနားလည်တဲ့လူတစ်ယောက်ကိုရှာပြီးကြည့်ခိုင်းသင့်တယ်လို့ ညီမထင်တယ်။"

ဖန်းမုန့်ဟန်က အကြံပေးသည်။

ယန်ယွီဟွေ့တစ်ယောက် စိတ်သစ်လူသစ်ဖြစ်သွားပုံရသည်။ သို့သော်ငြား ဝိဉာဉ်ရေးရာတွေမှာကျွမ်းကျင်တဲ့သူတစ်ယောက်ကိုမှ သူ မသိပေ။

"စီနီယာ၊ ညီမတို့ဇာတိမြို့မှာရှိတဲ့သူတော်စင်ဘုရားကျောင်းက သူတော်စင်တစ်ယောက်ကိုညီမသိတယ်။ အဲ့သူတော်စင်က ဝိဉာဉ်ရေးရာတွေမှာကျွမ်းကျင်တယ်။ ညီမတို့ဇာတိမြို့ကလူတွေ အကူညီလိုတိုင်းသူ့ဆီသွားတာပဲ။"

ဖန်းမုန့်ဟန်ကပြောသည်။

"ဒါပေမယ့်..."

ဖန်းမုန့်ဟန်တစ်ယောက် ရှက်ရွံ့နေပုံပေါ်၏။

"ဘာ-ဘာလဲ?"

ယန်ယွီဟွေ့ စိတ်လှုပ်ရှားသွားတာမို့ သူနှုတ်ခမ်းထောင့်တွေက ပိုလို့ပင်တွန့်ကုပ်သွားပြီး သွားရည်တွေစီးကျလာသည်။

ဖန်းမုန့်ဟန်က မျက်မှောင်ကုတ်သည်၊ သူမက ရွံရှာနေတဲ့မျက်လုံးတွေနဲ့ ယန်ယွီဟွေ့ရဲ့ပါးစပ်ထောင့်တွေကို လက်ကိုင်ပဝါနဲ့သုတ်ပေးလာသည်။

ယန်ယွီဟွေ့က သူမကို စူးစိုက်ကြည့်နေသည်မို့ ဖန်းမုန့်ဟန်က တုန့်ဆိုင်းစွာဆို၏။

"သူတော်စင်က တောင်ပေါ်ကနေမခွာတာလေးပဲ။"

"သူတော်စင်က လောကီရေးရာကိစ္စတွေကို လုံးဝဂရုမစိုက်ဘူး။ သူက တရားပဲကျင့်ချင်နေတာ။"

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now