Unicode
၁၆၂၃။ ယန်ယွီဟွေ့ဆိုတာဘယ်သူတုန်း?
_______________________ဖန်းမုန့်ဟန်မှာ ဒီသီချင်းတွေကိုနားထောင်ရင်း ယန်ယွီဟွေ့ကအင်မတန်အရည်အချင်းရှိတဲ့သူလို့ထင်လာသည်။ သူက ကျောင်းသားတစ်ယောက်ပဲရှိသေးပေမယ့် ဒီလိုသီချင်းမျိုးတွေရေးနိုင်နေပြီ။ ဘွဲ့ရပြီးရင် သူ သေချာပေါက်ကောင်းကောင်းလုပ်နိုင်မှာပဲ။
ဒီလိုတွေးမိပြန်တော့လည်း ယန်ယွီဟွေ့က အတော်လေးဆွဲဆောင်မှုရှိတယ်လို့ သူမထင်လာရသည်။
ဖန်းမုန့်ဟန်က နဉ်ရှုကိုကြည့်ကာမေးသည်။
"နင် ယန်ယွီဟွေ့ကိုဘယ်လိုထင်လဲ? အရင်တုန်းက သူ နင့်ကိုချစ်ခွင့်ပန်သေးတယ်၊ နင် တကယ်ပဲ သူ့အပေါ် ဘာခံစားချက်မှမရှိဘူးလား?"
"ယန်ယွီဟွေ့ဆိုတာဘယ်သူတုန်း?"
နဉ်ရှုက အမူအရာမဲ့စွာဖြင့်မေး၏။
နဉ်ရှု ဒီလိုလုပ်တာကိုဖန်းမုန့်ဟန်တွေ့တဲ့အခါ နဉ်ရှုက တကယ်ပဲမေ့သွားတာလား၊ ဒါမှာမဟုတ် တမင်ပြောတာလားဆိုတာသိချင်သွားသည်။
"ထပ်တွေးမိတော့လည်း နင့်ကောင်လေးကပိုကောင်းနေတုန်းပဲဟ။ သူ့မိသားစုကပိုက်ဆံရှိပြီး သူကလည်းအရမ်းချောတယ်။ ဒီလိုရည်းစားကောင်းမျိုးက ရေစက်ရှိမှပဲတွေ့နိုင်တာ။"
ဖန်းမုန့်ဟန်ကပြောသည်။
နဉ်ရှု စိတ်ထဲကနေသရော်လိုက်မိသည်။ ဖန်းမုန့်ဟန်က စိတ်ပြောင်းပြန်ပြီထင်တယ်။ အရင်တုန်းကတော့ သူက သူမကို ယန်ယွီဟွေ့ရဲ့ချစ်ခွင့်ပန်မှုကိုလက်ခံဖို့ဖျောင်းဖျနေသေးတာ။
သူက တွက်ချက်မှုတွေနဲ့ပြည့်နေတာပဲ။
နဉ်ရှုက ဖန်းမုန့်ဟန်ရဲ့မျက်နှာတပြင်လုံးမှာပျံ့တဲ့ရှက်ရွံ့မှုတွေကိုလျစ်လျူရှုလိုက်ပြီး ယန်ယွီဟွေ့ရဲ့လက်ပ်တော့ပ်ကိုဟက်(ခ်)တာနဲ့အလုပ်များနေတော့သည်။ ဒီတစ်ခါမှာတော့ နောက်ဆုံးမှာ သူမအောင်မြင်သွားခဲ့သည်။ သူမက သူ့လက်ပ်တော့ပ်ထဲမှာရှိနေတဲ့အကြောင်းအရာတွေကို ခပ်သွက်သွက်လေးကျော်ခွဖတ်လိုက်သည်။
YOU ARE READING
Superstar System (Realm-25)[Myanmar Translation]
AdventureName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...