Chapter - 27

1.6K 280 2
                                    

Unicode

၁၆၃၅။ ပိုက်ဆံအတူရှာရမယ်
_______________________

လီကုမ္ပဏီရဲ့ဇာတ်ညွှန်းတွေနဲ့သီချင်းတွေက အရေအတွက်လည်းများပြီးအရည်အသွေးလည်းမြင့်မားတယ်။ အားလုံးက အပြိုင်ကမ္ဘာကနာမည်ကြီး‌တဲ့ဟာတွေပဲ။

သူတို့တွေသာ အရမ်းမော်ကြွားလွန်းနေမယ်ဆိုရင် တခြားသူတွေရဲ့ဒေါသနဲ့တွေ့လိမ့်မယ်။

ပိုက်ဆံကို လူတိုင်းအတူတူရှာဖို့လိုတယ်။

နဉ်ရှုက သီချင်းတွေကို  လီကုမ္ပဏီရဲ့ပြိုင်ဘက်ကုမ္ပဏီတွေကလွဲပြီး ကျန်တဲ့ကုမ္ပဏီအားလုံးကိုပို့ပေးဖို့စီစဉ်လိုက်သည်။

နဉ်ရှုက အစီအစဉ်တွေပြီးသွားတဲ့အခါ သက်ပြင်းချလိုက်ပြီး ကျင့်ကြံဖို့အတွက် ကုတင်ပေါ်မှာတင်ပျဉ်ခွေထိုင်လိုက်သည်။ နောက်ရက်မှာတော့ သူမက တက်ကြွစွာဖြင့်အလုပ်ထဲနစ်မြုပ်နေတော့၏။

နဉ်ရှုက သီချင်းအတော်များများကို ကုမ္ပဏီအတော်များများဆီပေးပို့လိုက်သည်။ သူမတို့တွေက အသိတွေမဟုတ်တာကြောင့် သူမတောင်းတဲ့ဈေးက လီကုမ္ပဏီကနေတောင်းတဲ့ဈေးထက် လေးဆပိုများသည်။ သူမက သီချင်းတွေကို တစ်ပုဒ်ကိုယွမ်လေးထောင်နဲ့ရောင်းလိုက်သည်။ တချို့သီချင်းတွေမှာ မူရင်းသီချင်းရေးသူနာမည်တပ်ထားသည်။

မည်သို့ဆိုစေ နဉ်ရှုက အကုန်လုံးကို ကြိုထုတ်ထားချင်တာဖြစ်၏။

ဇာတ်ညွှန်းတွေရေးတာကသာ နဉ်ရှုစိတ်ကိုတကယ်ပင်ပန်းစေသည်။ နဉ်ရှုမှာ နည်းနည်းပဲတောင့်ခံနိုင်တော့တယ်လို့ခံစားလိုက်ရ၏။

ယန်ယွီဟွေ့မှာက ရှာဖွေရေးsystemရှိတာကြောင့် သူမနဲ့ယန်ယွီ‌ဟွေ့ကြားမှာ ကွာခြားချက်တော့ရှိနေသေးသည်။

နဉ်ရှုက ဒီလောက်နဲ့ပဲနားဖို့ဆုံးဖြတ်လိုက်သည်။ သူမအနေနဲ့ မူလဇာတ်ကြောင်းမှာ ယန်ယွီဟွေ့ရေးခဲ့တဲ့သီချင်းတွေအတော်များများကိုရေးပြီးပြီဖြစ်၏။ ထို့နောက် သူမက သီချင်းတွေအကုန်လုံးကိုပို့လိုက်တော့သည်။

ဒီတချိန်လုံးအလုပ်များနေပြီးနောက်မှာ သူမအားကုန်သွားသလို နဉ်ရှုခံစားလိုက်ရသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now