Chapter - 19

1.7K 295 7
                                    

Unicode

၁၆၂၇။ ပုံသုံနေတဲ့'ကျိုးကြောင်းဆီလျော်မှုမရှိပြဿနာရှာတယ်'
_______________________

ကြောင်းဆီလျော်မှုမရှိပြဿနာရှာနေတယ်ဆိုတဲ့ဒီစာသားတွေကို သရုပ်ဆောင်က အသံကျယ်ကျယ်နဲ့ဖတ်ရင်အဆင်ပြေနေသေးတယ်ဆိုပေမယ့် ဇာတ်ညွှန်းကိုဖတ်နေချိန်မှာတော့ ဒါက ကပ်ဘေးကြီးလိုပင်။ 'ကျိုးကြောင်းဆီလျော်မှုမရှိပြဿနာရှာနေတယ်'ဆိုတာက ပုံသုံနေ၏။

သို့ဖြစ်ရကား ရင်းနှီးမြှုပ်နှံသူတွေက ဒီလိုဇာတ်ညွှန်းမျိုးကိုတွေ့တဲ့အခါ ဈေးကောင်းပေးဖို့မဆိုထားနဲ့၊ ဆက်ပင်မဖတ်နိုင်တော့ချေ။

သို့သော်ငြား ဖျော်ဖြေရေးလောကတစ်ခုလုံးမှာ ဇာတ်ညွှန်းကောင်းတွေလုံးလုံးမရှိတာကြောင့် သူတို့က ဒီဇာတ်ညွှန်းက တကယ်ပဲလူကြိုက်များလာခဲ့ရင်ဆိုပြီး လောလောဆယ်မှာတော့ တန်ဖိုးမရှိတဲ့အရာတစ်ခုအဖြစ်မှတ်ယူကာ ဇာတ်ညွှန်းကို အင်မတိအင်မတန်နည်းပါးတဲ့ဈေးနှုန်းနဲ့ဝယ်ဖို့လုပ်သည်။

ဒီလိုနည်းပါးလွန်းတဲ့ဈေးနှုန်းကိုကြားတဲ့အခါ ယန်ယွီဟွေ့တစ်ယောက် စော်ကားသလိုခံစားလိုက်ရပြီး ချက်ချင်းပေါက်ကွဲတော့၏။ သူတို့က ပိုက်ဆံလေးမဖြစ်စလောက်နဲ့ တရုတ်နိုင်ငံအနှံ့ကျော်ကြားမယ့်ဇာတ်ညွှန်းကိုဝယ်ချင်တယ်ပေါ့? ဒါက လက်တွေ့မကျတဲ့အိပ်မက်ပဲ!

ယန်ယွီဟွေ့က ဇာတ်ညွှန်းကိုရောင်းဖို့ငြင်းသည်။ ဒီဇာတ်ညွှန်းကို သူ့အတွက်သူပဲသိမ်းထားပြီး ဒီမျက်စိအမြင်မကောင်းတဲ့လူတွေကို ဒီဇာတ်ညွှန်းဘယ်လောက်ကျော်ကြားလာနိုင်တယ်ဆိုတာ မြင်စေရမယ်။

ယန်ယွီဟွေ့က သူ ဇာတ်ညွှန်းကိုမရောင်းဘူးလို့ အင်မတန်ခိုင်ခိုင်မာမာပြောခဲ့ပေမယ့် သူ အတော်လေးစိတ်ညစ်နေဆဲဖြစ်၏။ အဲ့သောက်အတွဲကို ကျောင်းအဝင်ဝမှာမြင်လိုက်ရချိန်မှာ သူ့စိတ်အခြေအနေက ပိုလို့ပင်ဆိုးလာတော့သည်။

ယန်ယွီဟွေ့က ဇာတ်ညွှန်းတစ်ခုထပ်ရွေးသည်။ ရှေးခေတ်ကိုအခြေခံထားတဲ့ဇာတ်ညွှန်းတွေက ရောင်းဖို့ခက်မှတော့ သူ ခေတ်သစ်ဇာတ်ညွှန်းတွေပဲရောင်းတော့မယ်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now