Chapter - 13

2.1K 308 4
                                    

Unicode

၁၆၂၁။ နင့်မှာဘာသက်သေရှိလို့လဲ?
_______________________

နဉ်ရှုက သူမရဲ့ရေခွက်ကိုချလိုက်ပြီး စာတစ်ကြောင်းရိုက်လိုက်သည်။

"ဒါက နင့်ဝတ္ထုလို့ပြောရအောင် နင့်မှာဘာသက်သေရှိလို့လဲ?"

ယန်ယွီဟွေ့ရဲ့မူရင်းစာမူတွေက ပျောက်ကုန်ပြီဖြစ်၏။ ယန်ယွီဟွေ့က အဲ့စာမူတွေကို အလောတကြီးပြန်ရေးခဲ့တယ်ဆိုပေမယ့်လည်း သူ အဲ့စာမူတွေကိုတင်တဲ့နေ့က ဝတ္ထုထွက်ထားတဲ့ရက်ထက်နောက်ကောက်ကျနေဆဲဖြစ်သည်။ ဝတ္ထုက သူ့ဝတ္ထုပါလို့သက်သေပြဖို့အတွက် သူ့မှာလုံးဝနည်းလမ်းမရှိပါချေ။

ယန်ယွီဟွေ့က တကယ်တမ်းမှာ ဝတ္ထုက တခြားကမ္ဘာကလို့ပြောနိုင်လား?

လူတွေက သူရူးနေတယ်လို့ထင်မှာသေချာပေါက်ပဲလေ။

နဉ်ရှုက ဝတ္ထုကိစ္စကိုအရေးဆက်မလုပ်တော့ပါချေ။ လီရှင်းကျယ်ရဲ့မိသားစုကုမ္ပဏီက သူမဆီစာပြန်ပို့ထားပြီဖြစ်၏။ သူတို့က သူမရဲ့သီချင်းတွေကိုသုံးချင်ကြောင်းပြောထားပြီး မူပိုင်ခွင့်အတွက် သူမ ဘယ်လောက်လိုချင်လဲလို့မေးသည်။

နဉ်ရှုကအများကြီးမလိုချင်ပါချေ။ သူမက သီချင်းတွေကို အတော်လေးဈေးပေါတဲ့တစ်ပုဒ်ယွမ်ငါးရာဆိုတဲ့နှုန်းနဲ့ ဈေးသက်သက်သာသာပင်ရောင်းပေးလိုက်သည်။ ဝင်ငွေက သူမရဲ့နေထိုင်စရိတ်တွေကိုကာမိရင်လုံလောက်ပေပြီ။

ယန်ယွီဟွေ့ရဲ့သီချင်းတွေက လွယ်လွယ်နဲ့ ယွမ်သောင်းချီရနိုင်တယ်လို့ပြောလို့ရသည်။ ဒီကမ္ဘာမှာ ဖျော်ဖြေရေးချို့တဲ့နေတာမို့ ယန်ယွီဟွေ့ရဲ့သီချင်းတွေက တကယ်ပင်ဈေးကြီးကြီးနဲ့ရောင်းရသည်။

အဲ့ဒါနဲ့ယှဉ်ရင် နဉ်ရှုရဲ့ယွမ်ငါးရာဆိုတာက ဘာမှမဟုတ်သလောက်ပင်။

လီရှင်းကျယ်ရဲ့မိသားစုကုမ္ပဏီက ပျော်ပျော်ကြီးပင်ငွေချေလိုက်ပြီး သူမမှာနောက်ထပ်ရေးထားတာတွေရှိသေးရင် အဲ့ဒါတွေလည်း သူတို့ဆီရောင်းလို့ရတယ်လို့ပြောသည်။ ဈေးကလည်းညှိနှိုင်းလို့ရသည်။

နဉ်ရှုက 'ကောင်းပါပြီ'ဟုစာပြန်လိုက်၏။ ဒီသီချင်းတွေနဲ့ဆို လီမိသားစုက ယန်ယွီဟွေ့ကို ပိုကောင်းကောင်းဆန့်ကျင်နိုင်မည်ဖြစ်သည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now