Chapter - 17

2K 331 13
                                    

Unicode

၁၆၂၅။ သူက ရည်းစားဟောင်းလို့တောင်ပြောလို့မရဘူး
________________________

ဖန်းမုန့်ဟန်က သူမဆီကစကားအစ်ဖို့အဆက်မပြတ်ကြိုးစားရင်း မနားတမ်းစကားပြောနေတာမို့ အခု‌တော့ နဉ်ရှု အတော်လေးစိတ်ရှုပ်လာပြီဖြစ်၏။ အခု ယန်ယွီဟွေ့က ရတနာလို့သူတွေးနေတော့ အကုန်လုံးကလည်း အဲ့လိုပဲတွေးရမယ်လို့ထင်နေတဲ့ပုံပဲ။

နဉ်ရှုက တဲ့တိုးပင်ပြောလိုက်တော့သည်

"ယန်ယွီဟွေ့က အဲ့လောက်တောင်ကောင်းပြီးအရည်အချင်းရှိတယ်လို့နင်ထင်ရင်လည်း ဘာလို့ နင်တို့နှစ်ယောက်မတွဲလိုက်တာလဲ? နင်က ဘာအတွက် ငါ့ကိုစကားလာအစ်နေတာတုန်း? ငါက ရည်းစားဟောင်းတွေဆီပြန်မသွားဘူး၊ မှားလို့၊ သူက ရည်းစားဟောင်းလို့တောင်ပြောလို့မရဘူး။"

ဖန်းမုန့်ဟန်ရဲ့အမူအရာက ချက်ချင်းတောင့်ခဲသွားပြီး သူမက မနေနိုင်စွာဆို၏။

"ဘယ်လိုလုပ်ပြီး နင်ဒီလိုပြောနိုင်ရတာလဲ?"

ဒါဆို နင်က ငါ့ကို ဘယ်လိုများပြောစေချင်တာတုန်း?

ဖန်းမုန့်ဟန်က ကျေနပ်ဖို့သောက်ရမ်းခက်တာပဲ။ သဘောထားချင်းမတိုက်ဆိုင်ရင် အချင်းချင်းစကားမပြောသင့်ဘူး။

ဖန်းမုန့်ဟန်က နဉ်ရှုကို ယန်ယွီဟွေ့ရဲ့လက်ပ်တော့ပ်ကိုဟက်ခ်ပြီး ဇာတ်ညွှန်းတွေအကုန်ခိုးသွားချင်စိတ်ပေါ်လာစေသည်။ သို့သော်ငြား ယန်ယွီဟွေ့က ဇာတ်ညွှန်းတွေကို ယုံကြည်ချက်အပြည့်နဲ့ထုတ်လာပြီး သူ့ဝယ်သူက "ဒါဘာတုန်း?"လို့ စိတ်ရှုပ်ရှုပ်နဲ့ပြောလိုက်တာကိုတွေးကြည့်မိချိန်မှာ နဉ်ရှုတစ်ယောက် ပြောမပြနိုင်တဲ့ပျော်ရွှင်မှုကိုခံစားလိုက်ရသည်။

နဉ်ရှုက အင်မတန်ကြင်နာလွန်းစွာဖြင့် ယန်ယွီဟွေ့ရဲ့ဇာတ်ညွှန်းတွေကိုမယူလိုက်တော့ပေ။

နဉ်ရှုရဲ့သဘောထားဘယ်လောက်တောင်ရင့်တယ်ဆိုတာကို ဖန်းမုန့်ဟန်မြင်တဲ့အခါ နဉ်ရှုက ဒီလိုစကားတွေပြောတာကိုမကျေနပ်ပေမယ့် နောက်ပိုင်းမှာ နဉ်ရှုက ယန်ယွီဟွေ့ကိုပြန်လိုချင်ရင်တောင် အခွင့်အရေးမရှိတာမို့ ဝမ်းသာသွားသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now