Chapter - 28

1.6K 278 16
                                    

Unicode

၁၆၃၆။ သူတို့က တကယ်ချစ်ကြတာပဲ
_________________________

နဉ်ရှုက ခေါင်းခါသည်။

"မလိုပါဘူး။"

သူမသာ လီရှင်းကျယ်ရဲ့အိမ်မှာနေလိုက်ရင် ဘယ်လိုတွေဖြစ်သွားမလဲ? သူက တကယ်ကိုယောက်ျားလေးပဲ။ မစဉ်းစားတတ်လိုက်တာ။

လီရှင်းကျယ်နဲ့ချန်ကျန်းနန်သာ ကောင်းမွန်တဲ့အဆုံးသတ်ကိုလိုချင်ရင် သူတို့တွေ ဒီလောက်ပေါ့ဆလို့မရဘူး။

နဉ်ရှုငြင်းလိုက်ပြီးနောက်မှာ လီရှင်းကျယ်ကအတင်းမပြောတော့ချေ။

"ရိုက်ကူးရေးက ဘယ်အချိန်စမှာလဲ? ငါ နည်းနည်းလောက်ပြင်ဆင်ဖို့လိုတယ်။"

နဉ်ရှုကမေးသည်။ သူမ မိတ်ကပ်လိမ်းရမယ်။

"မနက်ဖြန်ကျ ငါ မင်းကိုလာကြိုမယ်။ အခု သွားစားရအောင်။"

လီရှင်းကျယ်ကပြောသည်။

"ငါတို့အတူမစားရတာကြာပြီ။"

နဉ်ရှုကခေါင်းငြိမ့်ကာ ကားထဲဝင်သည်။

"ဒီတစ်ခေါက်တော့ တရုတ်စာပဲသွားစားရအောင်။"

နဉ်ရှုက အကြံပြုသည်။

"အိုကေလေ၊ စားကြတာပေါ့။"

လီရှင်းကျယ်က နဉ်ရှုကို တရုတ်အစားအစာဆိုင်တစ်ဆိုင်ဆီခေါ်သွားပြီး အိမ်ချက်ဟင်းပွဲတချို့မှာလိုက်သည်။

လီရှင်းကျယ်က မစားဘဲ နဉ်ရှုစားတာကိုကြည့်နေသည်။

နဉ်ရှုမှာ စိုက်ကြည့်ခံနေရတာကြောင့် စားရတာမျိုမကျတော့ပေ။ သူမကမေးသည်။

"နင် ဘာလို့မစားတာလဲ?"

"အရင်က မင်း မာပိုတို့ဖူးစားရတာမကြိုက်ခဲ့ဘူးမို့လား?"

လီရှင်းကျယ်ကမေးသည်။

နဉ်ရှု : ...

သူတို့က တကယ်ချစ်ကြတာပဲ။ လီရှင်းကျယ်က ချန်ကျန်းနန်ရဲ့အကြိုက်တွေနဲ့အကျင့်တွေကိုတောင်သိတယ်။

ချီး၊ အခုတော့ သူမ တူကိုဘယ်လိုချသင့်လဲဆိုတာတောင်မသိတော့ဘူး။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now