Chapter - 18

1.7K 269 16
                                    

Unicode

၁၆၂၆။ အင်တာနက်ပေါ်မှာချိန်းတွေ့တယ်?
__________________________

နဉ်ရှုက လီရှင်းကျယ်ကို အသံတိတ်ကြည့်နေပြီး အချိန်အတော်ကြာအောင် ဘာမှမပြောချေ။ ရည်းစားဆိုတဲ့ဒီသတ္တဝါကို သူမ ဘယ်လိုရင်ဆိုင်ရပါ့?

လီရှင်းကျယ်က စိတ်တိုတိုနဲ့သူ့ဆံပင်တွေကိုနောက်ဘက်သပ်တင်လိုက်ပြီးမေးသည်။

"မင်းက အင်တာနက်ပေါ်မှာလူတစ်ယောက်နဲ့ချိန်းတွေ့နေတယ်၊ ပြီးတော့ အဆောင်မှာပဲအမြဲနေပြီး ကွန်ပျူတာပဲကိုင်နေတယ်လို့ မင်းအခန်းဖော်တစ်ယောက်ပြောနေတာကို ငါကြားလာတယ်။"

"မင်း ငါ့ကို နောက်ဆုံးအကြိမ်ဖုန်းဆက်တာ၊ စာပို့တာက တစ်လကျော်နှစ်လနီးပါးရှိနေပြီ။"

လီရှင်းကျယ်ရဲ့အမူအရာက ကြည့်ရဆိုးနေသည်။

"ငါက ငါ မင်းကိုဖုန်းမဆက်ရင် မင်းများ ငါ့ကိုသတိရမလားလို့ကို။"

လီရှင်းကျယ်မှာ အတော်လေးဒေါသထွက်စိတ်တိုနေပေ၏။

"ချန်ကျန်းနန်၊ အခုတလော မင်း အရမ်းထူးဆန်းလာတယ်။ မင်း လမ်းခွဲချင်နေပြီလား?"

အာ။ နဉ်ရှုမျက်နှာထက်မှာ သဘောပေါက်သွားတဲ့အမူအရာပေါ်လာပြီး သူမကပြောသည်။

"ခုတလော ငါ နည်းနည်းအလုပ်ရှုပ်နေလို့။ ဆောရီး။"

သူမ အချစ်လေးကိုဂရုမစိုက်မိလို့ အချစ်လေးက မပျော်တော့ဘူး။

"ဒါဆို မင်း အွန်လိုင်းပေါ်မှာ တစ်ယောက်ယောက်နဲ့ချိန်းတွေ့နေတာလား?"

လီရှင်းကျယ်ကထပ်မေးသည်။

နဉ်ရှုက အရေးမစိုက်စွာဆို၏။

"တခြားလူတွေပြောသမျှကို နင်ယုံတယ်ပေါ့? ခေါင်းလေးပိုသုံးစမ်းပါ။"

"ငါ့မှာ ရည်းစားတစ်ယောက်ရှိနေပြီးသားကို ဘာလို့ အွန်လိုင်းပေါ်မှာ သူများနဲ့ချိန်းတွေ့ရမှာတုန်း?"

ကွန်ပျူတာရဲ့တစ်ဖက်မှာ ဘီယာဗိုက်၊ ခေါင်းတုံးပြောင်နဲ့ရွံစရာလူတောင်ရှိနေနိုင်တာကို။

"သွားရအောင်။"

လီရှင်းကျယ်က နဉ်ရှုလက်ကိုလှမ်းဆွဲသည်။ နဉ်ရှုက သူ့လက်ကို ရှောရှောရှူရှူပင်ရှောင်လိုက်ပြီးမေး၏။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now