Chapter - 55

1K 157 0
                                    

Unicode

၁၆၆၃။ သူ့ပိုက်ဆံတွေကိုလိမ်ယူသွားတယ်
________________________

ဖုန်းတစ်ဖက်က ဖန်းမုန့်ဟန်ရဲ့အကြောင်းပြချက်တွေကိုနားထောင်ရင်း သူ အလိမ်ခံလိုက်ရပြီဆိုတာ ယန်ယွီဟွေ့သဘောပေါက်သွားသည်။ ဖန်းမုန့်ဟန်က သူ့ဘေးနားမှာ မကောင်းတဲ့အရာတစ်ခုရှိနေနိုင်တယ်လို့ အရင်ဆုံးထောက်ပြတဲ့သူ။

သူတော်စင်ကို သူ့ဆီခေါ်လာပေးတာလည်း ဖန်းမုန့်ဟန်ပဲ။

ခြောက်သန်း၊ ခြောက်သန်းကွ!

ဒီခွေးမဖန်းမုန့်ဟန်က သူများတွေနဲ့ပေါင်းပြီး သူ့ပိုက်ဆံတွေကို လိမ်သွားတယ်။ သူမအပေါ်ထားတဲ့သူ့ယုံကြည်မှုကို အလွဲသုံးစားလုပ်သွားတာပဲ။

ယွမ်ခြောက်သန်းတင်မဟုတ်လောက်ဘူး။ အဲ့ခွေးမက အရင်တုန်းက သူ ဇာတ်ညွှန်းတွေရောင်းပြီးရလာတဲ့ငွေထဲကတစ်ချို့တဝက်ကိုလည်း သဲ့ယူထားတာဖြစ်ရမယ်။

ယန်ယွီဟွေ့က ဖုန်းထပ်ဆက်ပေမယ့် မရတော့ချေ။ ဖန်းမုန့်ဟန်က ယန်ယွီဟွေ့ရဲ့ဖုန်းနံပါတ်ကိုblockလိုက်ပြီဖြစ်၏။

ယန်ယွီဟွေ့တစ်ကိုယ်လုံး ‌ဒေါသနဲ့တုန်ရီလာသည်။ သူ့နှုတ်ခမ်းထောင့်တွေက ရွဲ့စောင်းလာပြီး တံတွေးတွေ အဆက်မပြတ်စီးကျလာတော့သည်။ နောက်ဆုံးမှာတော့ သူ့မျက်လုံးတွေလန်တက်သွားကာ ယန်ယွီဟွေ့တစ်ယောက် သတိလစ်သွားလေ၏။

ယန်ယွီဟွေ့သတိပြန်ရလာချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခြမ်းက လှုပ်မရတော့ပေ။ သူ အကြောသေသွားတာဖြစ်၏။

ဘယ်လိုဖြစ်လို့ ကိစ္စတွေက ဒီအထိဖြစ်သွားရလဲဆိုတာကို ယန်ယွီဟွေ့နားမလည်နိုင်တော့ပေ။ သူ ဒုက္ခိတဖြစ်သွားပြီး သူယုံကြည်တဲ့မိန်းမရဲ့နောက်ကျောဓားနဲ့ထိုးတာခံရတယ်။

မိန်းမတွေမကောင်းဘူး။

သူကောင်းစားနေတုန်းကတော့ သူ့ဆီဝိုင်းအုံနေကြတယ်။ အပျက်မတွေလိုပဲ သူ သူတို့ကိုလုပ်စေချင်တာမှန်သမျှလုပ်ကြတယ်။ အခု သူနည်းနည်းလေးအကြပ်အတည်းတွေ့တာနဲ့ သူတို့က တစ်ဖက်လှည့်သွားပြီး သူ့ကိုမသိချင်ယောင်ဆောင်နေကြတယ်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now