Chapter - 20

1.7K 282 9
                                    

Unicode

၁၆၂၈။ အရည်အချင်းရှိတဲ့လူ
___________________

ထို့နောက်မှာတော့ နဉ်ရှုက နာမည်ကြီးသီချင်းတွေအားလုံးကို ကြိုးကြိုးသားစားရေးလိုက်ပြီး လီမိသားစုကုမ္ပဏီဆီပို့လိုက်သည်။

ယန်ယွီဟွေ့က ဒီသီချင်းတွေကို သူကိုယ်တိုင်အတွက်သိမ်းထားချင်တာ။ တစ်ယောက်ယောက်က ဒီသီချင်းတွေကို သူ့အရင်ထုတ်ပြီး သူမဆိုခင် သူများဆိုထားပြီးသားဖြစ်နေတာကို သူ တစ်ခါမှတွေးမိမှာမဟုတ်ဘူး။

"ဒင်"ဆိုတဲ့အသံတစ်သံထွက်လာသည်။ လီမိသားစုကုမ္ပဏီက 'မြွေဖြူမလေးရဲ့ဒဏ္ဍာရီအသစ်'ဇာတ်ညွှန်းကို သူတို့ အတော်လေးသဘောကျပြီး ဈေးနှုန်းညှိနှိုင်းဆွေးနွေးဖို့ နဉ်ရှုနဲ့တွေ့ချင်တယ်လို့ပြောထားတဲ့အီးမေးလ်တစ်စောင်ပို့လာတာဖြစ်သည်။

နဉ်ရှုကတော့ လီမိသားစုကုမ္ပဏီကလူတွေနဲ့သေချာပေါက်မတွေ့ပါချေ။ သူမက ဒီစာသင်နှစ်ရဲ့ကျူရှင်ခကိုကာမိအောင် ယွမ်တစ်သောင်းသာတောင်းလိုက်သည်။

ယွမ်တစ်သောင်းက ဘာမှမဟုတ်ပေ။ ကုမ္ပဏီဘက်ကလူတွေက နဉ်ရှုက အရည်အချင်းရှိတဲ့လူဖြစ်ပြီး သူတို့ကုမ္ပဏီမှာ အလုပ်လာလုပ်လို့ရတယ်လို့ပြောကာ သူမနဲ့ တကယ်တွေ့ချင်နေသည်။ သူတို့က သူမကို သေချာပေါက်ကောင်းကောင်းဆက်ဆံပါ့မယ်လို့ ကတိပေးသည်။

နဉ်ရှု : →_→

သူမမှာ ဘာအရည်အချင်းမှမရှိဘူးရယ်။

နဉ်ရှုက ချက်ချင်းငြင်းပယ်လိုက်ပြီး တစ်ပုဒ်ကိုယွမ်ငါးရာနှုန်းနဲ့ သီချင်းတချို့ပို့ပေးလိုက်သည်။

ကုမ္ပဏီက သူမကို လိုလိုချင်ချင်ပင်ပိုက်ဆံပေးသည်။ သူတို့က သူမကိုဆွဲခေါ်ချင်တာကြောင့်ဖြစ်နိုင်ပေမယ့် သူတို့က အရင်ကထက်နှစ်ဆပိုပေးပြီး သူမမှာ တခြားလက်ရာကောင်းတွေရှိရင် သူတို့ကိုအရင်ဆက်သွယ်သင့်ကြောင်းလည်းပြောကြားလာ၏။

နဉ်ရှုက ယန်ယွီဟွေ့ရဲ့လက်ပ်တော့ပ်ကို နေ့တိုင်းစောင့်ကြည့်နေသည်။ ယန်ယွီဟွေ့ ဇာတ်ညွှန်းရေးလို့အတော်လေးပြီးနေတာကိုတွေ့တဲ့အခါ သူမက ချက်ချင်းခိုးလိုက်ပြီး ရေးလို့မပြီးသေးတဲ့အပိုင်းတွေကို သူမဘာသာလက်စသတ်ရေးလိုက်ကာ ဖိုင်ကိုပို့လိုက်တော့သည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now