Chapter - 38

1.7K 275 3
                                    

Unicode

၁၆၄၆။ သနားမှုနဲ့ရယ်ချင်စိတ်တွေပြည့်နေတဲ့အမူအရာ
__________________________

ယန်ယွီဟွေ့ရဲ့နည်းလမ်းက တကယ်ရက်စက်တာပဲ။

နဉ်ရှုက လက်ကျန်အီကြာကွေးကိုမြိုချလိုက်ပြီး ပဲနို့ခွက်ကိုမော့သောက်လိုက်ကာ ခွက်ကို အမှိုက်ပုံးထဲပစ်လိုက်သည်။

နင်က ငါ့ကိုဒုက္ခိတဖြစ်အောင်လုပ်ချင်ရင် ငါက နင်ဒုက္ခိတဖြစ်သွားအောင်အရင်လုပ်ပေးရမှာပေါ့။

ယန်ယွီဟွေ့နဲ့အဲ့မိန်းကလေးက ကားတစ်စီးထဲဝင်သွားတာကိုမြင်တဲ့အခါ နဉ်ရှုက ကားတစ်စီးငှားပြီး သူတို့နောက်လိုက်ဖို့စဉ်းစားလိုက်ပေမယ့် အဲ့ကားက မျက်စိတစ်မှိတ်အတွင်းမှာပင်ပျောက်ကွယ်သွား၏။

နဉ်ရှုက သူတို့နောက်လိုက်ဖို့ကိစ္စကိုလက်လျှော့လိုက်ပြီး ဆေးဆိုင်ကိုသွားကာ ငွေအပ်နဲ့တခြားပစ္စည်းတွေရနိုင်မလားသွားကြည့်သည်။

ဆေးဆိုင်ကိုရောက်တဲ့အခါ သူမက ငွေအပ်တွေဝယ်လိုက်ပြီး အိတ်ထဲထည့်သည်။ ထို့နောက် သူမက ကျောင်းကို ဖြည်းဖြည်းချင်းပြန်သွားသည်။

အသာစီးရဖို့ သူမ အရင်ဦးအောင်တိုက်ရမယ်။

ဒီတစ်ခေါက်က လမ်းဘေးလူမိုက်လေးနည်းနည်းပဲ။ နောက်တစ်ခါကျ ဘယ်လိုလူတွေရောက်လာမလဲဆိုတာ သူမ မသိဘူး။

မူလဇာတ်ကြောင်းမှာ မြေအောက်ဂိုဏ်းခေါင်းဆောင်ရဲ့သမီးက ချန်ကျန်းနန်ကိုသေစေခဲ့တယ်။ သူမက ချန်ကျန်းနန်ရဲ့ရုပ်ကိုဖျက်ဆီးပြီးမှ အဓမ္မကျင့်ပြီးသတ်စေခဲ့တာ။

ယန်ယွီဟွေ့က အဓိကတရားခံဖြစ်ပြီး လုံရှောင်းရှောင်းကတော့ သူ့အမိန့်တွေကိုလိုက်နာလုပ်ဆောင်ပေးတဲ့ကြံရာပါပဲ။

လုံရှောင်းရှောင်းက ဒီညစ်ပတ်ပြီးမကောင်းတဲ့ကိစ္စတွေအားလုံးကိုလုပ်ခဲ့တဲ့သူ။

အဆောင်ကိုပြန်ရောက်တဲ့အခါ ဖန်းမုန့်ဟန်က အခုလေးတင်နိုးလာပြီး ဖုန်းဆော့နေတာကို နဉ်ရှုတွေ့လိုက်ရသည်။

နဉ်ရှုက တစ်ဖက်လူရဲ့ဒေါသကိုဆွပေးနိုင်တဲ့ သနားစိတ်နဲ့ရယ်ချင်စိတ်တွေပြည့်နေတဲ့ဟန်နဲ့ ဖန်းမုန့်ဟန်ကိုတမင်ကြည့်လိုက်သည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now