Chapter - 21

1.7K 274 12
                                    

Unicode

၁၆၂၉။ ဒီအောင်မြင်မှုက သူ့ဟာဖြစ်သင့်တာ
___________________________

ဒီသီချင်းတွေက သူ့ဟာဖြစ်သင့်တာ။ ဒီအောင်မြင်မှုက သူ့ဟာဖြစ်သင့်တာ။

ယန်ယွီဟွေ့မှာ ဒေါသထွက်လွန်း၍ခေါင်းက တဒိန်းဒိန်းဖြစ်လာသည်။ သူက ဒီသီချင်းတွေကိုရေးတဲ့သူက ဘယ်သူလဲဆိုတာသိရဖို့စစ်ကြည့်လိုက်သည်။ သူတို့က ဒီလိုသီချင်းမျိုးတွေရေးနိုင်မှတော့ သူတို့လည်း ပြန်မွေးဖွားလာတာဖြစ်ရမယ်။

ယန်ယွီဟွေ့ ဒီကမ္ဘာမှာပြန်မွေးဖွားလာပြီးနောက် ဒီကမ္ဘာမှာ အပြိုင်ကမ္ဘာကအရာတွေ တစ်ခုမှမရှိဘူးဆိုတာကို သူ အတည်ပြုပြီးပြီဖြစ်သည်။ သို့သော်ငြား အခုတော့ ဒီသီချင်းတွေက ရုတ်တရက်ကြီးပေါ်လာ၏။

ယန်ယွီဟွေ့မှာ သူပိုင်တဲ့အရာတွေအခိုးခံလိုက်ရသလိုခံစားနေရရှာသည်။

သူက မောက်စ်ကိုနှိပ်လိုက်ပြီး ဒီသီချင်းတွေအောက်မှာ တေးရေးဆရာရဲ့နာမည်တပ်မထားတာကိုတွေ့သွားသည်။ ယန်ယွီဟွေ့က ဒေါသတကြီးထရပ်လိုက်ပြီး ခုံကို ခပ်ပြင်းပြင်းကန်ကာ အဝေးကြီးကိုလွင့်ထွက်သွားစေလိုက်သည်။

"ဘယ်သူလဲ? ဘယ်သူများလဲ?"

ယန်ယွီဟွေ့က ဒေါသတကြီးအော်သည်။

လျှို့ဝှက်တဲ့လူ။

တစ်ဖက်လူက သူ့အကြောင်းသိလောက်ပေမယ့် သူကတော့ သူတို့အကြောင်းဘာမှမသိဘူး။ သူ့ရန်သူက အမှောင်ထဲမှာ၊ သူကတော့ အလင်းထဲမှာ။ ယန်ယွီဟွေ့မှာ ထိန်းချုပ်ကန့်သတ်ခံနေရသလိုခံစားလိုက်ရ၏။

သူ့လှုပ်ရှားမှုတိုင်းက စောင့်ကြည့်ခံနေရတယ်။

ယန်ယွီဟွေ့ရဲ့စိတ်ထဲမှာ မုန်းတီးမှုတွေထွက်ပေါ်လာသည်။ တောင်တစ်တောင်မှာ ကျားနှစ်ကောင်အောင်းလို့မရဘူး၊ အထူးသဖြင့် တဖက်လူမှာ သူ့လိုပစ္စည်းမျိုးရှိနေတာမို့။

ယန်ယွီဟွေ့တစ်ယောက် ကြမ်းပေါ်ကို အားပျော့စွာလဲသွား၏။

ဘာလို့ အရာအားလုံးက အရမ်းစိတ်ပျက်ဖို့ကောင်းနေရတာလဲ? cheat systemနဲ့ဆို သူ့ဘဝကြီးက ချောချောမွေ့မွေ့ဖြစ်သွားမယ်လို့ သူထင်နေတာ။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now