Unicode
၁၆၁၂။ အပြိုင်ကမ္ဘာမှာပြန်မွေးဖွားလာ
_____________________တစ်နေ့ ယန်ယွီဟွေ့ ရုပ်ရှင်ရိုက်ကွင်းမှာရှိနေတုန်း မတော်တဆပေါက်ကွဲမှုတစ်ခုထဲ သေဆုံးသွားခဲ့သည်။ သူ နိုးလာပြီးနောက်မှာ သူ ပြန်မွေးဖွားလာပြီး အပြိုင်ကမ္ဘာတစ်ခုမှာရောက်နေတာကို သိလိုက်ရ၏။
သူ့ဘေးကလူတွေ တစ်ယောက်မှပြောင်းလဲမသွားပေ။ သူက ဆက်သွယ်ရေးတက္ကသိုလ်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဌာနကျောင်းသားတစ်ယောက်ဖြစ်နေဆဲဖြစ်၏။
သို့သော်ငြား ဒီကမ္ဘာရဲ့ကမ္ဘာ့အမြင်တွေက မတူချေ။
ဒီကမ္ဘာမှာ တရုတ်က အင်မတန်အင်အားကြီးသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံက ကိုလိုနီလက်အောက်ခံမဖြစ်ခဲ့ဘဲ အင်အားဆက်ကြီးလာပြီး ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်လာသည်။
သို့သော်ငြား ဒီကမ္ဘာက ဖျော်ဖြေရေးတွေမရှိပေ။ ဒီကမ္ဘာမှာ သူ့အရင်ကမ္ဘာမှာရှိတဲ့ ဘာဂန္တဝင်အနုပညာစာပေမှမရှိပါချေ။ ထန်ကဗျာတွေမရှိ၊ စုန့်ကဗျာတွေမရှိ၊ တရုတ်စာပေရဲ့ဂန္တဝင်ဝတ္ထုလေးအုပ်မရှိ၊ ကျင်းယုံရဲ့သိုင်းဝတ္ထုတွေမရှိ၊ ဂန္တဝင်သီချင်းတွေမရှိ၊ တိုက်တန်းနစ်မရှိ၊ 3Dရုပ်ပုံတွေမရှိ၊ ပြီး နာမည်ကျော်TVရှိုးတွေနဲ့ varietyရှိုးတွေမရှိ။
ဖျော်ဖြေရေးလုပ်ငန်းက မဖွံ့ဖြိုးပေ။ ဒီကမ္ဘာမှာ အရင်ကမ္ဘာက World of Warcraftနဲ့ Crossfireလို ကမ္ဘာကျော်ဂိမ်းတွေမရှိချေ။ အမြတ်အများကြီးရတဲ့ Blizzardဖျောဖြေရေးဂိမ်းကုမ္ပဏီပင် မတည်ထောင်ရသေးပေ။ ဒါ့အပြင် esportsလုပ်ငန်းက လွယ်ကူတဲ့လုပ်ငန်းမဟုတ်ပါချေ။
အတိုချုံးရလျှင် ဖျက်လို့ရသမျှအရာအားလုံးကို ဖျက်ထားပေသည်။
ယန်ယွီဟွေ့ကို စိတ်အလှုပ်ရှားစေဆုံးကတော့ သူ့ခေါင်းထဲမှာ Baiduနဲ့တူတဲ့မွေးရာပါရှာဖွေရေးစက်တစ်ခု တကယ်ကြီးရှိနေတာဖြစ်ပြီး ဒါက သူ့ကို တခြားကမ္ဘာတွေကအရာတွေကိုရှာဖွေခွင့်ပြုသည်။
သီချင်းတွေ၊ TVရှိုးတွေ၊ ရုပ်ရှင်တွေနဲ့ဂိမ်းတွေအားလုံးကို တစ်ခေါက်သာရှာလိုက်လို့ရသည်။
YOU ARE READING
Superstar System (Realm-25)[Myanmar Translation]
AdventureName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...