Chapter - 51

1.1K 161 3
                                    

Unicode

၁၆၅၉။ Systemအ‌ပေါ်မှီခိုရတာကိုနေသားကျနေပြီ
_______________________

ယန်ယွီဟွေ့က လိမ်နေတာတော့မဟုတ်ချေ။ သူ့လက်ထဲမှာ တကယ်ကိုဘာဇာတ်ညွှန်းမှမရှိတော့ပေ။ လောလောဆယ်မှာ သူက စကားပီပီမပြောနိုင်ဘဲ systemရဲ့ရှာဖွေမှုရလဒ်တွေကိုမဖတ်နိုင်ပေ။

ကွန်ပျူတာနဲ့စာရိုက်ဖို့မပြောနဲ့ သူ သူ့လက်ကိုပင်မလှုပ်နိုင်ပါချေ။

ယန်ယွီဟွေ့ သတိလစ်တော့မလိုဖြစ်သွားရသည်။ သူ ဒီမှာပဲလှဲပြီးအချိန်ဖြုန်းနေတုန်း အရင်က သူရေးထားတဲ့ဇာတ်ညွှန်းတွေက အမှိုက်တွေဖြစ်သွားလောက်ပြီ။

ပြန်မွေးဖွားလာတဲ့တခြားလူနောက်တစ်ယောက်က အဲ့ဇာတ်ညွှန်းတွေကိုရောင်းပြီးသွားလောက်ပြီ။

ယန်ယွီဟွေ့တစ်ယောက် စိုးရိမ်သောကတွေနဲ့ပြည့်နေတော့သည်။ သူက Systemအပေါ်မှီခိုပြီး လွယ်လွယ်အောင်မြင်တာနဲ့‌အသားကျနေပြီဖြစ်၏။

သူ့မှာ ဘာဆိုဘာမှမရှိခဲ့တဲ့ဘဝကိုပြန်သွားရရင် သူ ပြိုလဲသွားလောက်သည်။

နဉ်ရှုက လူနာခန်းတံခါးဝမှာရပ်ကာ ယန်ယွီဟွေ့နဲ့ဖန်းမုန့်ဟန်တို့စကားပြောတာကိုနားထောင်နေသည်။ ဖန်းမုန့်ဟန်ကို အကုန်လုံးဖြေရှင်းခိုင်းတဲ့ယန်ယွီဟွေ့က တကယ်အယုံလွယ်တာပဲလို့သာ သူမခံစားလိုက်ရ၏။

သူတို့နှစ်ယောက်ကြားကဆက်ဆံရေးက ဒီလောက်တောင်ခိုင်မာနေပြီလား?

ယန်ယွီဟွေ့မှာ မိန်းကလေးတွေအများကြီးရှိတာ။ မိန်းမတွေကြောင့် သူအောက်ဆုံးထိုးကျသွားတာလည်း မဖြစ်နိုင်တာတော့မဟုတ်ဘူး။

ယန်ယွီဟွေ့က ဖန်းမုန့်ဟန်ကို သူ့အတွက်ဇာတ်ညွှန်းတွေရောင်းခိုင်းတယ်။ ဖန်းမုန့်ဟန်က အဲ့ပိုက်တွေထဲကတစ်ချို့တဝက်ကို သူမအိတ်ထဲထည့်လိုက်တာပဲဖြစ်မယ်။

နဉ်ရှုက 2333ကိုမေးသည်။

"ယန်ယွီဟွေ့ရဲ့systemက သူ့ကိုထားခဲ့ပြီလား?"

"အခုထိတော့မထားခဲ့သေးဘူး။"

2333က‌ဖြေသည်။

"သင့်တော်တဲ့hostရှာဖို့က လွယ်တာမဟုတ်လို့ အဲ့systemက သူ့ကို အလောတကြီးထားခဲ့ဖို့ကြိုးစားမှာမဟုတ်ဘူး။"

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now