Chapter - 59

1.1K 188 5
                                    

Unicode

၁၆၆၇။ အောင်မြင်မှုရနိုင်သေးတယ်
__________________________

ယန်ယွီဟွေ့က Systemကနေတစ်ဆင့် ထပ်ကာထပ်ကာရှာဖွေကာ အပြိုင်ကမ္ဘာရဲ့ရုပ်ရှင်းမျိုးစုံနဲ့တီဗွီဇာတ်လမ်းတွဲတွေကိုကြည့်သည်။ သူက သူကျန်းမာရေးပြန်ကောင်းတဲ့အခါ ဩချလောက်စရာရုပ်ရှင်တွေနဲ့ဇာတ်လမ်းတွဲတွေဖန်တီးနိုင်ဖို့အတွက် သူတို့ကိုထပ်ကာထပ်ကာလေ့လာကြည့်ရှုသည်။

သူ အောင်မြင်မှုရနိုင်သေးတယ်။

ယန်ယွီဟွေ့က သူ့ကိုယ်ပိုင်ကုမ္ပဏီထောင်ချင်တာမို့ အပြိုင်ကမ္ဘာကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုရှာဖွေသည်။ သူ့လက်ထဲမှာ ဒီလောက်ကောင်းတဲ့ရင်းမြစ်တွေရှိနေတာကို သူ ဒါတွေကို သူများတွေဆီ လုံးဝမပေးနိုင်ပါဘူး။

"ဟိုက်...systemမရှိတော့ဘူး?"

ယန်ယွီဟွေ့တစ်ယောက် ကြက်သေ,သေသွားကာ သူ့မျက်နှာကြွက်သားတွေတုန်ရီလာသည်။ သူ့ပါးစပ်က ရွဲ့စောင်းနေကာ သွားရည်တွေက သူ့အင်္ကျီပေါ် တန်းတန်းမတ်မတ်ကျရောက်သွားသည်။

သို့သော်ငြား ယန်ယွီဟွေ့ကတော့ ဒါကို လုံးဝဂရုမစိုက်ပါချေ။ သူက မျက်လုံးတွေမှိတ်ထားလိုက်ပြီး သူ့နားထင်သွေးကြောတွေက တဒိန်းဒိန်းမြည်နေသည်၊ သူမျက်လုံးပြန်ဖွင့်ချိန်မှာ သူ့မျက်လုံးတွေက နီရဲနေ၏။

"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။"

ယန်ယွီဟွေ့တစ်ယောက် အတော်လေးအံ့ဩနေသည်။ သူ့စိတ်ထဲကsystemမရှိတော့ဘူး။ အရင်တုန်းကဆို သူ ဘယ်အချိန်မှာဘာရှာရှာ အချက်အလက်တွေက သူ့စိတ်ထဲမှာ လုံးဝရှင်းရှင်းလင်းလင်းပေါ်လာတတ်တာ။

ဒါပေမယ့် အခု ဘာမှပေါ်မလာတော့ဘူး။ ဘာအချက်အလက်မှကိုပေါ်မလာတာ။

မဖြစ်ဘူး! ယန်ယွီဟွေ့က မယုံကြည်နိုင်စွာဖြင့် သူ့ခေါင်းကိုဆုပ်ကိုင်ကာ မပွင့်တပွင့်ငိုတော့သည်။ သူ့systemမရှိတော့ဘူး! systemမရှိဘဲနဲ့ သူ့ကံကြမ္မာကို သူ ဘယ်လိုပြောင်းလဲရမှာလဲ?

ယန်ယွီဟွေ့က systemကြောင့်သာ သည်းခံနေနိုင်တာဖြစ်သည်။ systemက သူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်၏။ သို့သော်ငြား အခု systemမရှိတော့ပြီမို့ သူ့မျှော်လင့်ချက်တွေအားလုံးပျက်စီးသွားပေပြီ။ အောင်မြင်ဖို့ အခွင့်အရေးမရှိ‌တော့ဘူး။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now