Unicode
၁၆၃၁။ နင် အရမ်းပင်ပန်းနေတဲ့ပုံပဲ
_______________________နဉ်ရှုနဲ့လီရှင်းကျယ်တို့ဆုံကြချိန်မှာ ဘယ်သူကမှတစ်ဖက်လူကိုပြောဖို့စကားရှာမရကြချေ။ လီရှင်းကျယ်က သူမကို ဖော်ပြလို့မရတဲ့ခံစားချက်တွေရှိနေတဲ့မျက်လုံးတွေနဲ့သာကြည့်နေသည်။
နဉ်ရှုရဲ့မျက်လုံးတွေတောက်ပသွား၏။ ထို့နောက် သူမက ပြုံးကာဆိုသည်။
"နင် အရမ်းပင်ပန်းနေတဲ့ပုံပဲ။ နင် ခဏလောက်ပြန်နားချင်လား? အလုပ်ကအရေးကြီးတယ်ဆိုပေမယ့် ခန္ဓာကိုယ်ကပိုအရေးကြီးတယ်လေ။"
"မင်း ငါ့ကိုနှင်ဖို့ကြိုးစားနေတာလား?"
လီရှင်းကျယ်က အသက်မပါစွာမေး၏။
နဉ်ရှုက ခပ်သွက်သွက်ခေါင်းခါသည်။
"မဟုတ်တာ၊ ငါ အဲ့လိုလုပ်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ အတွေးမလွန်နဲ့။"
လခွမ်း၊ သူမ ဘာပြောသင့်လဲ?
သူက အကြောင်းပြချက်မရှိပြဿနာရှာနေတာပဲ!
"ဒါဆို ငါသွားတော့မယ်။ ငါ့ကို ဖုန်းခေါ်ဖို့နဲ့စာပို့ဖို့သတိရ။"
လီရှင်းကျယ်က ကားတံခါးကိုဆွဲဖွင့်လိုက်ရင်းဆိုသည်။
နဉ်ရှုက ပါးစပ်ဟလိုက်ပေမယ့် စိတ်ပြောင်းသွားကာ ခေါင်းငြိမ့်လိုက်သည်။
"အင်းပါ။"
သူ အရမ်းအလုပ်များနေရင် သူ့ကို ဖုန်းဆက်ပြီးနှောင့်ယှက်မနေတော့ဘူးလို့ သူမ ပြောချင်တာပေမယ့် သူမသာအဲ့လိုပြောလိုက်ရင် လီရှင်းကျယ်ဒေါသထွက်မှာ။
သမီးရည်းစားတွေအကုန်လုံး ဒီလောက်တောင်ချစ်ကြတာလား?
တကယ်ပဲ ပြောစရာအများကြီးရှိလို့လား?
တစ်ကိုယ်တည်းနေရတာကအကောင်းဆုံးပဲ!
လီရှင်းကျယ်က ကားကိုနောက်ဆုတ်လိုက်ပြီးထွက်သွား၏။ သူထွက်သွားတော့မှ နဉ်ရှုက သက်ပြင်းရှည်ကြီးချလိုက်ပြီး လက်ထဲမှာမနက်စာဘူးကိုကိုင်ရင်း အပေါ်ပြန်တက်သွားသည်။
YOU ARE READING
Superstar System (Realm-25)[Myanmar Translation]
AdventureName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Superstar System (Realm-25) E-trans lin...