Chapter - 30

1.6K 272 3
                                    

Unicode

၁၆၃၈။ တာဝန်ကိုမြန်မြန်ပြီးအောင်လုပ်ပြီးထွက်သွားမယ်
___________________________

အကြောင်းရင်းတွေထဲကတစ်ခုက လီရှင်းကျယ်ဆိုတာ နဉ်ရှုခန့်မှန်းမိလိုက်သည်။

"ပြန်ကြမယ်။"

လီရှင်းကျယ်ကပြောသည်။

နဉ်ရှုက ကားထဲဝင်လိုက်ပြီး ကားမောင်းနေတဲ့လီရှင်းကျယ်ကိုကြည့်လိုက်သည်။ သူ့လက်ချောင်းတွေက ဖြူဖွေးသွယ်လျကာ သူ့ဘေးတစောင်းပုံစံက ကြော့မော့လန်းဆန်းနေသည်။ အခု သူက စီးပွားရေးလောကထဲခြေချနေပြီဆိုတဲ့အချက်ကိုပေါင်းလိုက်ချိန်မှာ သူက အတော်လေးဖမ်းစားနိုင်လွန်းသည်။

နဉ်ရှုခေါင်းထဲမှာ အတွေးတစ်ခုသာရှိတော့သည် : တာဝန်မြန်မြန်ပြီးအောင်လုပ်ပြီးထွက်သွားမယ်။ လီရှင်းကျယ်က သူမကိုသံသယဝင်နေပြီဆိုတာ သူမခံစားမိတယ်။

အဆောင်ကိုရောက်တဲ့အခါ နဉ်ရှုက ကားတံခါးကိုဖွင့်သည်။ လီရှင်းကျယ်ကလည်း ကားပေါ်ကနေဆင်းကာ နဉ်ရှုရှေ့‌လျှောက်လာသည်။ ထို့နောက် သူက သူမပခုံးပေါ်လက်တင်သည်။

လီရှင်းကျယ်က နဉ်ရှုကို ခေါင်းငုံ့ကြည့်လာ၏။ သူ့ခေါင်းက တဖြည်းဖြည်းပိုနိမ့်လာသည်။

နဉ်ရှုတစ်ကိုယ်လုံးတောင့်တင်းသွားတော့၏။ သူမ ကြက်သီးတွေပင်ထလာရသည်။

လခွမ်း၊ သူ သူမကို နမ်းမလို့တော့မဟုတ်ပါဘူးနော်!!!?

လီရှင်းကျယ်ရဲ့မျက်နှာက နီးသည်ထက်နီးလာပြီး သူရှူထုတ်လိုက်တဲ့လေနွေးနွေးတွေက နဉ်ရှုမျက်နှာကိုရိုက်ခတ်လာသည်။

နဉ်ရှုမျက်နှာကရှုံ့မဲ့သွားပြီး သူမက ချက်ချင်းဆိုသည်။

"နင်...နင့်ခေါင်းပေါ်မှာ တစ်ခုခုရှိနေတယ်။"

လီရှင်းကျယ်က ခဏရပ်သွားပြီး နဉ်ရှုကိုကြည့်သည်။ နဉ်ရှုက လက်မြှောက်ကာ သူ့ဆံပင်ကိုခါပေးလိုက်ပြီး ရယ်မောကာဆို၏။

"နင့်ခေါင်းပေါ်မှာဖုန်တွေ။"

လီရှင်းကျယ်က နှုတ်ခမ်းတို့ကို ခဏမျှတင်းတင်းစေ့လိုက်ပြီးနောက်ဆိုသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now