Chapter - 37

1.6K 272 9
                                    

Unicode

၁၆၄၅။ ယန်ယွီဟွေ့ကမတူဘူး
__________________

ယန်ယွီဟွေ့က နဉ်ရှုကို သင်ခန်းစာပေးချင်တာမို့ လုံရှောင်းရှောင်းဆီသွားသည်။

လုံရှောင်းရှောင်းရဲ့အဖေက ဒီမြို့ရဲ့မြေအောက်လောကမှာဩဇာရှိသည်။ ရှင်းရှင်းပြောရလျှင်တော့ သူက လူဆိုးဂိုဏ်းဝင်တစ်ယောက်ပင်။

လုံရှောင်းရှောင်းက ငယ်ငယ်တည်းက သူမအဖေနောက်ကိုလိုက်လာတာဖြစ်ပြီး အတွေ့အကြုံမျိုးစုံရှိသည်။ သူမက အနိုင်ကျင့်တတ်ပြီးအထက်စီးဆန်သည်။ ယန်ယွီဟွေ့နဲ့တွေ့ချိန်မှာတော့ ယန်ယွီဟွေ့က မတူဘူးလို့ သူမ ခံစားလိုက်ရသည်။

ယန်ယွီဟွေ့က သူ့အရွယ်တခြားယောက်ျားလေးတွေလိုမျိုး မရင့်ကျက်ဘဲမဆင်မခြင်လုပ်တတ်တဲ့သူမျိုးမဟုတ်ပေ။ သူက အတော်လေးရင့်ကျက်ပုံရတာကြောင့် လုံရှောင်းရှောင်းက သူ့အပေါ် အတော်လေးအကောင်းမြင်သည်။

ယန်ယွီဟွေ့က သူမဆီလာပြီး မိန်းမတစ်ယောက်ကိုကိုင်တွယ်ပေးဖို့ပြောသည်။ အဲ့မိန်းမက ကောလိပ်ကျောင်းသူတစ်ယောက်ဆိုတာကိုကြားတဲ့အခါ လုံရှောင်းရှောင်းက အလေးအနက်မထားဘဲ လမ်းဘေးလူမိုက်တချို့သာလွှတ်လိုက်သည်။

အဆုံးမှာ သူမ ယန်ယွီဟွေ့ရှေ့မှာ ဒီလိုအရှက်ရ,ရလိမ့်မယ်လို့ သူမ တစ်ခါမှမတွေးမိခဲ့ချေ။

လုံရှောင်းရှောင်းက မြေပေါ်လဲနေတဲ့လူမိုက်တွေကိုကန်လိုက်ပြီး ဒေါသတကြီးဆိုသည်။

"နင်တို့တွေ ဒီမှာဘာလုပ်နေကြသေးတာတုန်း? နင်တို့ လုံလောက်အောင်အရှက်မကွဲသေးဘူးလို့ထင်နေတာလား? သွား‌တော့၊ ဝေးလေကောင်းလေပဲ!"

လူမိုက်တချို့က မျက်နှာမှာငရုတ်ရည်တွေအဖြန်းခံထားရတာမို့ မျက်လုံးပင်မဖွင့်နိုင်ကြသေးချေ။ သူတို့ခေါင်းဆောင်ရဲ့အသံကိုကြားတဲ့အခါ သူတို့က အချင်းချင်းဖေးမတွဲကူကာထွက်သွားကြ၏။

လုံရှောင်းရှောင်းက သူမမျက်နှာကို လက်နဲ့အုပ်ထားလိုက်ချင်စိတ်ကို တင်းခံထားသည်။ ရှက်ဖို့ကောင်းလိုက်တာ!

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now