Chapter - 44

1.5K 254 4
                                    

Unicode

၁၆၅၂။ လေသင်တုန်းဖြတ်တာ
_______________________

ဆိုရလျှင်တော့ ယန်ယွီဟွေ့တစ်ယောက် လေသင်တုန်းနည်းနည်းဖြတ်သွားခြင်းဖြစ်၏။

တရုတ်တိုင်းရင်းဆေးသမားတော်က တိုင်းရင်းဆေးနည်းတွေအများကြီးပေးလိုက်ပြီး ယန်ယွီဟွေ့ကို အိမ်ပြန်ကာ သူ့ကျန်းမာရေးကိုဂရုစိုက်ဖို့ဆိုသည်။

ယန်ယွီဟွေ့တစ်ယောက် သေမလိုဒေါသထွက်သွားရသည်။ သူက သူ့မျက်နှာကို နည်းနည်းလေးပုံမှန်ပြန်ဖြစ်လာစေချင်တာ။ သူ့ပါးစပ်ထောင့်ကနေ တံတွေးတွေထိန်းမရအောင်ထွက်နေရုံတင်မကဘူး သူ့ပါးစပ်ကလည်းကုတ်ကျနေတယ်။

ကုတ်ကျနေတာက အဆိုးကြီးမဟုတ်ပေမယ့် ဒါက သူ့ပုံရိပ်ကိုအရမ်းထိခိုက်တယ်။ သူက နောက်ပိုင်းကျ ဖျော်ဖြေးရေးလောကမှာခြေကုပ်ယူချင်တာ။ လောကကြီးမှာသူကအချောဆုံးလူဖြစ်မနေရင်တောင် အနည်းဆုံးတော့ ပုံမှန်ဖြစ်နေဖို့လိုတယ်။

သူစကားပြောဖို့ကြိုးစားတဲ့အခါတိုင်း သူ့လျှာကထုံးသွားသလိုဖြစ်လာပြီး သူ့ပါးစပ်ထဲမှာရေတွေအပြည့်ရှိနေတဲ့အတိုင်းပဲ။ စကားပြောရတာအရမ်းခက်တယ်။ သူပါးစပ်ဖွင့်လိုက်တာနဲ့ တံတွေးတွေစီးကျလာရော။

သူ ဒီလိုဖြစ်နေရင် တခြားလူတွေနဲ့ ဘယ်လိုလုပ်ပြီးစီးပွားရေးလုပ်ဖို့ဆွေးနွေးညှိနှိုင်းလို့ရမှာလဲ?

ယန်ယွီဟွေ့က အတော်လေးစိုးရိမ်နေတာမို့ သူ့မျက်နှာက အကြိမ်ရေနည်းနည်းလောက်ရှုံ့မဲ့သွားသည်။ သူက သူ့ပါးစပ်ထဲကတံတွေးတွေကိုထွေးထုတ်လိုက်၏။

"ပိုမြန်တဲ့နည်းလမ်း...ရှိလား?"

သူ့မျက်နှာပေါ်မှာပုရွက်ဆိတ်တွေနဲ့ပိုးကောင်တွေတွားတက်နေတဲ့အတိုင်းပဲ။ သူ့မျက်နှာကယားလွန်းလို့သူသေချင်လာတယ်။ ကုတ်ရင်တောင် သူ အယားမဖျောက်နိုင်ဘူး။

ဒီလိုယားတာမျိုးက စိတ်ထဲမှာပါယားလာတာ။ နေရအတော်ဆိုးတယ်။

"ဒီလိုရောဂါမျိုးကဖြစ်တာမြန်ပေမယ့် ကုဖို့ခက်တယ်။"

တရုတ်တိုင်းရင်းဆေးသမားတော်ကပြောသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now