Chapter - 57

1K 160 0
                                    

Unicode

၁၆၆၅။ အရမ်းမွှေးတာပဲ
____________________

လီရှင်းကျယ်က နှင်းဆီပန်းတစ်ပွင့်ထုတ်ကာ နဉ်ရှုကိုပေးသည်။

နဉ်ရှုက ပန်းကိုခပ်သွက်သွက်ယူကာမွှေးကြည့်လိုက်ပြီးဆို၏။

"အရမ်းမွှေးတာပဲ။"

စောက်ရမ်းကိုမွှေးတာ။

လီရှင်းကျယ် : ...

လီရှင်းကျယ်က အသားကင်နှစ်ပွဲမှာလိုက်ပြီး သူမတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်ကာ တိတ်ဆိတ်စွာစားသောက်နေကြသည်။ နဉ်ရှုက လီရှင်းကျယ်ကို ခဏခဏလှမ်းကြည့်သည်။ လီရှင်းကျယ်စကားစတော့မှာကိုမြင်တဲ့အခါ သူမက အရင်စပြော၏။

"နင် လုံရှောင်းရှောင်းကိစ္စကို ဘယ်လိုဖြေရှင်းလိုက်လဲ?"

"ငါက ဘယ်လိုဖြေရှင်းရမှာလဲ?"

လီရှင်းကျယ်က သူ့ရဲ့ဓားနဲ့ခက်ရင်းကိုချကာ ပါးစပ်ကိုသုတ်သည်။

"ငါ လုံရှောင်းရှောင်းရဲ့အဖေကို စကားလေးနည်းနည်းပြောလိုက်ဖို့ပဲလိုတာ၊ အခု သူ ပြဿနာမရှာနိုင်တော့ဘူး။"

နဉ်ရှုကခေါင်းငြိမ့်သည်။ ခုတစ်လော သူမနောက်ကို ဘယ်သူမှလိုက်မနေဘူး။ ပြီးတော့ ကျောင်းစဖွင့်ပြီဆိုတော့ အဲ့ခိုးကြောင်ခိုးဝှက်နဲ့လူတွေ ကျောင်းဝင်းထဲလွယ်လွယ်ဝင်နိုင်မှာမဟုတ်တော့ဘူး။

လီရှင်းကျယ်က နဉ်ရှုကိုကြည့်ကာ ခဏမျှစဉ်းစားပြီးနောက် စကားပြောမည်အလုပ် နဉ်ရှုက ထပ်မံဖြတ်ပြောလာပြန်သည်။

"လုံရှောင်ူရှောင်းက တခြားလူတွေရှာရင် ဘယ်လိုလုပ်မလဲ?"

"သူ မရှာနိုင်ဘူး။ ငါတို့ကုမ္ပဏီတွေကြားကပူးပေါင်းမှုအတွက် သူဌေးလုံက သူ့ကို စိတ်တိုင်းကျပြဿနာရှာခွင့်ပေးမှာမဟုတ်ဘူး။ ပြီးတော့ လုံရှောင်းရှောင်းသာ လုံမိသားစုကိုဆက်ခံချင်ရင် သူ ဒီလောက်ဉာဏ်နည်းမှာမဟုတ်ဘူး။ သူ့မှာ လုံမိသားစုကိုဆက်ခံချင်တဲ့အစ်ကိုတွေဆယ်ယောက်ကျော်တောင်ရှိသေးတယ်။"

"အစ်ကိုဆယ်ယောက်ကျော်?"

နဉ်ရှု နည်းနည်းအံ့ဩသွားရသည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now