Chapter - 48

1.2K 202 3
                                    

Unicode

၁၆၅၆။ ငါတို့ နောက်ယောင်ခံအလိုက်ခံနေရတယ်
_________________________

နဉ်ရှုကပြောသည်။

"လမ်းလျှောက်ရအောင်။ ငါတို့ ကျောင်းနဲ့နီးတဲ့ဆိုင်မှာပဲစားလို့ရတယ်။"

"အင်း။"

လီရှင်းကျယ်က နဉ်ရှုလက်ကိုကိုင်ကာ ကျောင်းဝင်းကိုဖြတ်လျှောက်သွားသည်။

"အရင်တုန်းက မင်း ဒီလမ်းကိုသဘောအကျဆုံးပဲ။ သစ်ရွက်ကြွေတွေ လေထဲလွင့်နေတဲ့မြင်ကွင်းက အရမ်းလှပြီးကဗျာဆန်တယ်တဲ့လေ။"

လီရှင်းကျယ်က နူးညံ့စွာဆိုသည်။

နဉ်ရှုကတော့ သူမဆီမျက်လုံးပေါင်းများစွာကျရောက်နေတာကိုခံစားမိနေ၏။

ဒီလူတွေက လူကြားထဲမှာထင်းမနေပေ။ သူတို့က မြက်နှုတ်ရင်နှုတ်၊ မနှုတ်ရင်တံမြက်စည်းလှည်းနေပြီး အလုပ်လုပ်နေကြသည်။ သူတို့က လူတွေရဲ့အာရုံကိုလုံးဝမဆွဲဆောင်ပေ။

လီရှင်းကျယ်နဲ့နဉ်ရှုတို့ကျောင်းကထွက်သွားတဲ့အခါ လူအတော်များများက သူမတို့နောက်ကနေလိုက်လာသည်။

နဉ်ရှုက လီရှင်းကျယ်ကိုတွဲခိုကာဆိုသည်။

"ငါတို့ နောက်ယောင်ခံလိုက်တာခံနေရတယ်။"

လီရှင်းကျယ်က လှည့်ကြည့်ချင်ခဲ့တာပေမယ့် နဉ်ရှုကချက်ချင်းပြောသည်။

"လှည့်မကြည့်နဲ့။"

လီရှင်းကျယ်က မျက်မှောင်ကုတ်သည်။

"တက္ကစီတားပြီး လမ်းမှာလူရှုပ်နေတုန်းပြန်ရအောင်။"

နဉ်ရှုကခေါင်းခါသည်။

"သွားစားကြတာပေါ့။ ငါ အထင်မှားတာဖြစ်မှာပါ။"

နဉ်ရှုက လီရှင်းကျယ်ကို လမ်းဘေးနားကစားသောက်ဆိုင်တစ်ဆိုင်ထဲဆွဲခေါ်သွားပြီး သူမတို့နောက်ကလူတွေကလည်း ထပ်ကြပ်မကွာလိုက်လာ၏။ သူတို့က နဉ်ရှုနဲ့လီရှင်းကျယ်တို့နဲ့သိပ်မဝေးတဲ့စားပွဲမှာထိုင်လိုက်ကြသည်။

လီရှင်းကျယ်ရဲ့မျက်နှာထားကသိပ်မကောင်းပေ။ ဒီလူတွေက သူတို့နောက်ကိုလိုက်နေတာပဲ။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now