Chapter - 2

3.6K 386 11
                                    

Unicode

၁၆၁၀။ ငါ့ရင်ခွင်ထဲလာငိုလှည့်ပါ မိန်းမလှလေးရေ!
__________________

နဉ်ရှုကပြောလိုက်သည်။

"အဲ့ဒါကို အသက်သွင်းလိုက်။"

"ကောင်းပြီ။"

စကားပြောတဲ့မျက်နှာပြင်တစ်ခုက နဉ်ရှုရှေ့မှာပေါ်လာသည်။ နိုတီဖီကေးရှင်းဘားတန်းလေး(notification bar)က တဖျတ်ဖျတ်လင်းနေသည်ပြီး သူမ အဲ့ဒါလေးကိုနှိပ်လိုက်ချိန်မှာ နံပါတ်639က သူမနဲ့စကားပြောခွင့်တောင်းခံနေသည်ကိုတွေ့လိုက်ရသည်။

နဉ်ရှုက သဘောတူသည်ကိုနှိပ်လိုက်ပြီး ဟယ်လိုဟုပို့လိုက်သည်။

639က နဉ်ရှုဆီ ကံကောင်းပါစေဟုပို့လာပြီး သူမ တခြားတာဝန်ထမ်းဆောင်သူတွေ ဆက်သွယ်ဦးမယ်ဟုဆိုလာသည်။

နဉ်ရှုက စကားပြောစနစ်ကိုပိတ်လိုက်ပြီး စာအုပ်စင်ပေါ်ကနေ ပြိုင်ဘက်ကင်းသိုင်းပညာစာအုပ်ကိုယူလိုက်သည်။ ပြိုင်ဘက်ကင်းသိုင်းပညာစာအုပ်မှာ ပိုပိုများတဲ့ဒီဇိုင်းတွေနဲ့ပြည့်လာသည်။ စာအုပ်ထဲမှာ ရှားပါးသက်ရှိမျိုးစုံရှိနေသည်။

ဒီတစ်ခေါက်ရတဲ့သစ္စာရှိမှတ်၅၀၀လုံးက ဒီကနေရတာဖြစ်သည်။ တစ်ယောက်ယောက်က ပြိုင်ဘက်ကင်းသိုင်းပညာကိုလေ့ကျင့်တာနဲ့ သစ္စာရှိမှတ်တွေရလာမည်ဖြစ်၏။ မဆိုးပါဘူး...

ဒီအသက်ဝင်လွန်းတဲ့ရုပ်ပုံတွေက သူမ အဲ့ကမ္ဘာမှာထားရစ်ခဲ့တဲ့သိုင်းပညာတွေကို လေ့ကျင့်တဲ့လူတွေအားလုံးကို ကိုယ်စားပြုတယ်။ သိုင်းလောကမှာ သူမအကြောင်းဒဏ္ဍာရီတစ်ခုများရှိနေမလားလို့ သူမ မနေနိုင်စွာသိချင်လာမိရသည်။

ဒါက သူမသာ သစ္စာရှိမှတ်တွေလိုချင်တယ်ဆို သူမရဲ့ကိုယ်ပိုင်ဂိုဏ်းကိုတည်ထောင်လိုက်ဖို့ပဲလိုတယ်ဆိုတာကိုပြနေသည်။

သူမက ပြိုင်ဘက်ကင်းသိုင်းပညာစာအုပ်ကိုချလိုက်ပြီး တခြားကျင့်ကြံခြင်းစာအုပ်တစ်အုပ်ကိုကောက်ယူလိုက်ကာ နည်းလမ်းတွေကို တိတ်တဆိတ်မှတ်သားနေလိုက်သည်။ ဒီနည်းလမ်းတွေက သဘာဝလွန်သက်ရှိတွေလေ့ကျင့်ဖို့သင့်တော်သည်။ သူမသာ ဝိဉာဉ်ကူးပြောင်းပြီး သဘာဝလွန်သက်ရှိဖြစ်သွားခဲ့ရင် ဒါက အသုံးဝင်လာနိုင်သည်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now