Chapter - 41

1.4K 260 15
                                    

Unicode

၁၆၄၉။ ယောက်ျားကြီးတစ်ယောက်လိုအနံ့မျိုး
_________________________

နဉ်ရှုမှာ အခြေအနေအရ သူမရဲ့အစီအစဉ်တွေကိုရှေ့တိုးရ‌တော့သည်။

တစ်ပတ်လောက်စုံစမ်းပြီးနောက်မှာ ယန်ယွီဟွေ့က တိုက်ခန်းကို ည၁၁နာရီနောက်ပိုင်းမှ အရက်မူးပြီးပြန်ရောက်လာတတ်သည်ကို နဉ်ရှုသိသွားသည်။ သူက ညစာစားပွဲတွေတက်နေတာသိသာ၏။

လက်ရှိယန်ယွီဟွေ့မှာ ခေါင်းမာဖို့အရည်အချင်းမရှိသေးပေ။ သူက ခြေတစ်ချက်ဆောင့်လိုက်ရုံနဲ့ဖျော်ဖြေရေးလောကတစ်ခုလုံးတုန်လှုပ်သွားအောင်လုပ်နိုင်တဲ့အဆင့်ကိုမရောက်သေးချေ။

နဉ်ရှုက လမ်းကြားလေးတစ်ခုထဲမှာပုန်းနေသည်။ ဒါက လုံခြုံးရေးကင်မရာထဲမှာမတွေ့ရတဲ့နေရာတွေထဲကတစ်ခုဖြစ်သည်။

နဉ်ရှုရဲ့အနက်ရောင်အဝတ်တွေက ချွေးနံ့တွေထွက်နေသည်။ သူမက ရေမွှေးဆွတ်မထားတာမို့ သူမကိုယ်ကနံ့က ယောက်ျားကြီးတစ်ယောက်နဲ့တူသည်။

နဉ်ရှုက သူမရဲ့ဆံပင်တွေကိုစုထုံးထားပြီး သူမရဲ့ခေါင်းကို အသားကပ်ဘောင်းဘီရှည်နဲ့ဖုံးကာ ဦးထုပ်ဆောင်းထားသည်။ သူမဘယ်လိုပုံစံလဲဆိုတာသိရဖို့ခက်ခဲသည်။

ဒီနေ့ ယန်ယွီဟွေ့က တိုက်ခန်းကိုလမ်းလျှောက်ပြန်လာမလား၊ ဒါမှမဟုတ်တာ တစ်ယောက်ယောက်က သူ့ကိုကားမောင်းပို့မလားဆိုတာကို သူမ မသိဘူး။ သူ့ကိုကားမောင်းပို့ရင် ဒီနေ့သူမပြင်ဆင်ထားတာတွေအကုန် အလကားဖြစ်ကုန်တော့မှာ။

နဉ်ရှုက ယန်ယွီဟွေ့ဖြတ်သွားမည်ကို ပုန်းအောင်းစောင့်ဆိုင်းနေ၏။

နောက်တစ်နာရီဆို ညသန်းခေါင်ရောက်တော့မည်မို့ လမ်းပေါ်မှာလူသိပ်မရှိပါချေ။ လမ်းမီးတိုင်တွေကဖြန့်ကျက်ထားတဲ့အလင်းတွေက အဖြုရောင်လွင်ပြင်ကျယ်ကိုဖန်တီးပေးထားသည်။

သောက်ခွေး၊ ခြင်တွေအများကြီးပဲ!

နဉ်ရှုတစ်ယောက် သူမမျက်နှာထက်ရှိခြင်ကို မနေနိုင်စွာရိုက်လိုက်မိ၏။ ခြင်တွေက သူမကို အသားကပ်ဘောင်းဘီကိုဖောက်ပြီးတော့တောင်ကိုက်နိုင်သေးတယ်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now