Chapter - 7

2.3K 385 12
                                    

Unicode

၁၆၁၅။ အစီရင်ခံနေတာ
________________

ယန်ယွီဟွေ့ချစ်ခွင့်ပန်ပြီးတာ သိပ်မကြာသေးခင်မှာပဲ လီရှင်းကျယ်က ဒီအကြောင်းသိသွားပြီး နဉ်ရှုကို ဖုန်းဆက်မေးလာသည်။

နဉ်ရှုကပြောသည်။

"ခေါင်းမကောင်းတဲ့လူတစ်ယောက်ပါပဲ။ နင် သူ့ကို လျစ်လျူရှုထားလိုက်။"

"ဒီလိုလူတွေက အရိုက်ခံချင်နေတာ။ မင်းက ငါ့ကောင်မလေးဆိုတာ သူ သေချာသိတာတောင် ချစ်ခွင့်ပန်သေးတယ်။ သူက ပြသနာရှာနေတာ အသိသာကြီးပဲ။"

လီရှင်းကျယ်ရဲ့လေသံက အတော်စိတ်တိုနေပုံရသည်။

နဉ်ရှုသည်ကား အရင်က တစ်ခါမှရည်းစားမရှိဖူးတဲ့သတ္တဝါဖြစ်၏။ ဆိုတော့ ဒီလိုအချိန်မျိုးမှာ သူမ ဘာပြောသင့်လဲ?

"သူ့ကို မသိသလိုပဲနေလိုက်။ နင် သူနဲ့ရန်ဖြစ်ရင် ဒါက နင့်သိက္ခာကိုပဲ‌နိမ့်ကျစေလိမ့်မယ်။"

နဉ်ရှုက ခေါင်းကိုစောင်းကာပခုံးကိုမြှောက်လိုက်ပြီး ဖုန်းကိုကြားထဲမှာညှပ်လိုက်ရင်း စာရွက်ပေါ်မှာ စာချရေးနေသည်။

"သူ့အကြောင်းစိတ်အနှောင့်အယှက်ဖြစ်မနေနဲ့။"

ယန်ယွီဟွေ့နဲ့လီရှင်းကျယ်တို့ကြားကပဋိပက္ခကို သူမ ကြာနိုင်သမျှကြာကြာအချိန်ဆွဲဖို့ကြိုးစားရမယ်။ အခု သူမ ယန်ယွီဟွေ့ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားဖို့လိုတယ်။

လီရှင်းကျယ်ဘက်က ခဏတိတ်သွားသည်။

"ကောင်းပြီလေ၊ ငါ မင်းပြောတဲ့အတိုင်းလုပ်မယ်။"

"အင်း၊ ဒါဆို ငါ ဖုန်းချလိုက်တော့မယ်နော်။"

နဉ်ရှုက ဖုန်းချလိုက်သည်။

လီရှင်းကျယ် : ...

အစီရင်ခံနေသလို အရေးမစိုက်တဲ့ပုံစံက ဘာတုန်း?

နဉ်ရှုက ယန်ယွီဟွေ့ရဲ့နောက်အစီအစဉ်ကိုတွေးနေရင်း သူမရဲ့မှတ်စုတွေနဲ့ပုံတွေကို ခပ်သော့သော့ရေးလိုက်သည်။

ယန်ယွီဟွေ့က ဒုတိယနှစ်ပဲရှိသေးပြီး ကျောင်းကမထွက်ရသေးတာမို့ သူက သိပ်မကြာခင်မှာ တခြားကမ္ဘာကနာမည်ကျော်အွန်လိုင်းဝတ္ထုတစ်ပုဒ်ကို ချပြချင်နေတယ်။

Superstar System (Realm-25)[Myanmar Translation]Where stories live. Discover now